The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :
    (၂၁-၃-၂၀၁၉) ရက်နေ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု အမြင့်ဆုံးမှာ (၃၄၆၈) မဂ္ဂါဝပ်ဖြစ်ပြီး တစ်ရက်စုစုပေါင်းထုတ်လုပ်ခဲ့သည့် ယူနစ်မှာ (၆၇၁၂၉.၄) မဂ္ဂါဝပ်နာရီဖြစ်ပါသည်။         ၂၂.၃.၂၀၁၉ ရက်နေ့ ၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းလက်အောက်ရှိ စက်ရုံများ၏ ထုတ်ကုန်ပစ္စည်းများ၏ နေ့စဉ်ရောင်းဈေးနှုန်းများ         နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၂)ဖွင့်ပွဲ အခမ်းအနားနှင့် ၂၃၀ ကေဗွီ မော်လမြိုင်- မြဝတီ ဓာတ်အားလိုင်း ၅၅ ဒသမ ၃၄ မိုင်နှင့် ၂၃၀/၆၆/၁၁ ကေဗွီ ၁၀၀ အမ်ဗွီအေ မြဝတီ ပင်မဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်    

အသေးစားရေနံချက်လုပ်ငန်း (Mini Refinery) လုပ်ကိုင်လိုသူများလိုင်စင် လျှောက်ထားနိုင်ကြောင်းအသိပေးကြေညာခြင်း

၁။      အသေးစားရေနံချက်လုပ်ငန်း (Mini Refinery) လုပ်ကိုင်ဆောင်ရွက်လိုသူ မြန်မာနိုင်ငံသား (သို့မဟုတ်) နိုင်ငံသားပိုင်ကုမ္ပဏီ/အဖွဲ့အစည်းများသည် အောက်ပါအချက်အလက်များနှင့် အတူ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းသို့ လိပ်မူ၍လျှောက်ထားနိုင်ပါသည်-

         (က)    လျှောက်ထားသူသည် မြန်မာနိုင်ငံသားဖြစ်ပါက အမည်၊ နိုင်ငံသား စိစစ်ရေးကဒ်ပြား အမှတ်၊ ဆက်သွယ်ရမည့်နေရပ်လိပ်စာနှင့် တယ်လီဖုန်းနံပါတ် ၊ (သို့မဟုတ်) ကုမ္ပဏီ အဖွဲ့အစည်းဖြစ်ပါက ကုမ္ပဏီအမည်၊ ကုမ္ပဏီမှတ်ပုံတင်လက်မှတ်(မိတ္တူ)၊ဆက်သွယ် ရမည့်လိပ်စာနှင့် တယ်လီဖုန်းနံပါတ်

         (ခ)     မြေပိုင်ဆိုင်မှု အထောက်အထား

         (ဂ)     လုပ်ငန်းဆောင်ရွက်မည့် တည်နေရာ၊ အကျယ်အဝန်းနှင့် ပတ်ဝန်းကျင် အနေအထား

        (ဃ)    သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့၏ ထောက်ခံချက်

        (င)     စက်ရုံ၏အကွက်ချပုံစံ (Layout Plan)

        (စ)       Detail Design Drawing

        (ဆ)      တစ်ရက်ချက်လုပ်မည့် ရေနံစိမ်းပမာဏ(အနည်းဆုံးဂါလန် ၃,၀၀၀ မှ  အများဆုံး ဂါလန် ၃၀,၀၀၀ အထိသာခွင့်ပြုမည်)

        (ဇ)       ချက်လုပ်မှုနည်းစဉ်( Batch Type or Continuous Type )

        (ဈ)     ကုန်ကြမ်းရယူမည့်အစီအစဉ်        

       (ည)    ထွက်ရှိမည့်စက်သုံးဆီအမျိုးအစား၊ စက်ရုံ၌အသုံးပြုမည့်ရေပမာဏနှင့် ရေယူမည့် နည်းလမ်း၊ လျှပ်စစ်ဓာတ်အားနှင့် လောင်စာသုံးစွဲမှုအစီအစဉ်

        (ဋ)     ဓာတုဗေဒစွန့်ပစ်ပစ္စည်းများနှင့် ရေဆိုးများအားသန့်စင်မည့်အစီအစဉ်

       (ဌ)     မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်မည့် အစီအစဉ်

၂။      အသေးစိတ်သိရှိလိုပါက မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ ဖုန်း ၀၆၇-၃၄၁၁၀၈၂ နှင့် ၀၆၇-၃၄၁၁၀၉၃ သို့ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။   

 

                                                                                                         မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း

                                                                                                          ရုံးအမှတ်(၄၄)၊နေပြည်တော်

Download Link : Mini_Refinery.pdf
Post under by : မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း(MPE)
13-Sep-2018