The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :
    (၂၁-၃-၂၀၁၉) ရက်နေ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု အမြင့်ဆုံးမှာ (၃၄၆၈) မဂ္ဂါဝပ်ဖြစ်ပြီး တစ်ရက်စုစုပေါင်းထုတ်လုပ်ခဲ့သည့် ယူနစ်မှာ (၆၇၁၂၉.၄) မဂ္ဂါဝပ်နာရီဖြစ်ပါသည်။         ၂၂.၃.၂၀၁၉ ရက်နေ့ ၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းလက်အောက်ရှိ စက်ရုံများ၏ ထုတ်ကုန်ပစ္စည်းများ၏ နေ့စဉ်ရောင်းဈေးနှုန်းများ         နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၂)ဖွင့်ပွဲ အခမ်းအနားနှင့် ၂၃၀ ကေဗွီ မော်လမြိုင်- မြဝတီ ဓာတ်အားလိုင်း ၅၅ ဒသမ ၃၄ မိုင်နှင့် ၂၃၀/၆၆/၁၁ ကေဗွီ ၁၀၀ အမ်ဗွီအေ မြဝတီ ပင်မဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်    

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Jiangeu ပြည်နယ်၊ ဆူးကျိုးမြို့တွင် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁၈) ရက်နေ့မှ စတင်ကျင်းပလျှက်ရှိသည့် Belt and Road Energy Ministerial Conference သို့ တက်ရောက်နေသည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ National Energy Administration မှတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ ဆွေးနွေးခြင်း၊ ကုန်ပစ္စည်းပြပွဲ၊ သုတေသနဌာနများ နှင့် Industrial Park များသို့သွားရောက်ကြည့်ရှု

နေပြည်တော်၊ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (  ၂၀  ) ရက်

          တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဆူးကျိုးမြို့တွင် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁၈) ရက် နေ့မှ စတင်ကျင်းပနေသော Belt and Road Energy Ministerial Conference သို့ တက်ရောက် နေသည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် အောက်တိုဘာလ (၁၉) ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ National Energy Administration (NEA) ၏ Deputy Administrator ဖြစ်သူ Mr. Li Fanrong နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ စီမံကိန်းများအခြေအနေနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည့် စီမံကိန်းများနှင့်ပတ်သက်၍ ရင်းနှီးစွာဆွေးနွေးခဲ့ကြပါသည်။  

          ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်  အောက်တိုဘာလ (၁၉) ရက်နှင့် (၂၀) ရက်နေ့များတွင် ဆူးကျိုးမြို့အနီးဝန်းကျင်ရှိ Future Energy Pavilion ပြခန်း၊ Suzhou Industrial Park Exhibition ပြခန်းနှင့် Wujin မြို့ရှိ Hanergy PV Industrial Group ၏ Thin-film PV research ဌာနသို့ သွားရောက်ကြည့်ရှုလေ့လာခဲ့ပါသည်။

            Future Energy Pavilion ပြခန်းတွင် လျှပ်စစ်ဓာတ်အားကို ရေအား၊လေအား၊ဇိဝလောင်စာ သုံးစွမ်းအား၊ မြေအောက်အပူစွမ်းအား၊ ကျောက်မီးသွေးသုံးနှင့် ရေနံဓာတ်ငွေ့ရည်သုံး ဓာတ်အား ထုတ်လုပ်ခြင်းများ၏ တိုးတက်ပြောင်းလဲမှုအခြေအနေများကိုလည်းကောင်း၊ နေရောက်ခြည်သုံး စနစ်ဖြင့် နေအိမ်တွင်းလျှပ်စစ်ဓာတ်အားအသုံးပြုပုံနှင့် လျှပ်စစ်မော်တော်ယာဉ်များ အသုံးပြုပုံတို့အား လည်းကောင်း၊ Suzhou Industrial Park Exhibition ပြခန်းတွင် ၁၉၉၀ ခုနှစ်မှစ၍ စင်ကာပူ နိုင်ငံနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်နေမှု၊ စက်မှုဇုံတစ်ခုတည်ဆောက်ရန် စနစ်တကျစီမံကိန်း ရေးဆွဲပြုစုပြီး တစ်ဆင့်ပြီးတစ်ဆင့် တည်ဆောက်ခဲ့မှုများအားလည်းကောင်း၊ PV Industrial Group ၏ Thin-film PV သုတေသနဌာန၌ ကမ္ဘာပေါ်တွင် နောက်ဆုံးပေါ်အဆင့်မြင့် နည်းပညာ များဖြင့်ထုတ်လုပ်ထားသော PV အိမ်အမိုးပြားများအပြင် ​ကျောပိုးအိတ်များတွင် လျှပ်စစ်ဓာတ်အား သွင်းနိုင်သော ပျော့ပြောင်းသည့် PV Solar အပါးလွှာများတပ်ဆင် အသုံးပြုထားပုံနှင့် စမ်းသပ်နေမှု များအားလည်းကောင်း ကြည့်ရှုလေ့လာခဲ့ပြီး၊ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ဆူးကျိုးမြို့မှ ရန်ကုန်မြို့သို့ အောက်တိုဘာလ (၂၁) ရက်နေ့၊ ညနေပိုင်းတွင် ပြန်လည် ရောက်ရှိခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
21-Oct-2018