The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :
    (၁၉-၁၁-၂၀၁၈) ရက်နေ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု အမြင့်ဆုံးမှာ (၃၅၃၂.၅) မဂ္ဂါဝပ်ဖြစ်ပြီး တစ်ရက်စုစုပေါင်းထုတ်လုပ်ခဲ့သည့် ယူနစ်မှာ (၆၄၈၅၆.၄) မဂ္ဂါဝပ်နာရီဖြစ်ပါသည်။         လျှပ်စစ်နှင့်စွမ်းအင်၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဦး၀င်းခိုင် ၂၃၀ ကေဗွီ ပင်မဓာတ်အားခွဲရုံ(ကန်ကြီးထောင့်)၊ အမှတ်(၅)ဓာတ်မြေသြဇာစက်ရုံ(ကန်ကြီးထောင့်)နှင့် အမှတ်(၂)ရေနံဓာတ်ငွေ့ရည် စက်ရုံ(ညောင်တုန်း)တို့အား သွားရောက်စစ်ဆေး         ၂၃၀ကေဗွီ လှိုင်သာယာ-ကျိုက်လတ် ဓာတ်အားလိုင်း (၅၂.၂၆) မိုင်နှင့် ၂၃၀/၆၆/၁၁ ကေဗွီ၊ (၁၀၀) အမ်ဗွီအေ ကျိုက်လတ်ဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ် း    

အာဆီယံ အင်ဂျင်နီယာနှင့် နည်းပညာ အကယ်ဒမီ၏(၂၆) ကြိမ်မြောက် ကောင်စီ အစည်းအဝေး ဂုဏ်ပြုညစာစားပွဲသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် တက်ရောက်

 

၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (   ၂၇   ) ရက်

 

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ(၂၇) ရက်နေ့၊ (၁၈:၀၀)နာရီတွင်၊ ရန်ကုန်မြို့၊ နိုဗိုတယ်ဟိုတယ်၌ ကျင်းပသည့် အာဆီယံ အင်ဂျင်နီယာနှင့် နည်းပညာ အကယ်ဒမီ၏(၂၆) ကြိမ်မြောက် ကောင်စီ အစည်းအဝေး ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

          အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးမှ ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် Industry 4.0 သို့ ကူးပြောင်းလာချိန်တွင် အာဆီယံနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု များ ပိုမိုအရေးပါလာကြောင်းနှင့် အာဆီယံနိုင်ငံများတွင် စီးပွားရေး၊ လူမှုရေးနှင့်လူသားချင်း စာနာထောက်ထားရေး ကိစ္စရပ်များ ပိုမိုတိုးတက်ရေးအတွက် ဆန်းသစ်တီထွင်မှုများ ပိုမို ကြိုးစားလုပ်ဆောင်ကြရန် တိုက်တွန်းပြောကြားခဲ့ပြီး အာဆီယံ အင်ဂျင်နီယာနှင့် နည်းပညာ အကယ်ဒမီ မှ ပေးအပ်သည့် Senior Fellowship နှင့် Academy of Engineering Technology  for  Developing World Fellowship များကို ပြည်ထောင်စုဝန်ကြီးမှ လက်ခံ ရယူခဲ့ပါသည်။

          အာဆီယံ အင်ဂျင်နီယာနှင့် နည်းပညာ အကယ်ဒမီသည် အာဆီယံနိုင်ငံများမှ ဦးဆောင် အင်ဂျင်နီယာနှင့် ပညာရှင်များ ပါဝင်ဖွဲ့စည်းထားသော လွတ်လပ်သည့် ဂုဏ်ထူးဆောင် အဖွဲ့အစည်း တစ်ခုဖြစ်ပြီး အာဆီယံအတွင်းရေးမှူးအဖွဲ့က အသိအမှတ်ပြု ပူးပေါင်းဆောင်ရွက်သည့် non-profit  အရပ်ဖက် လူမှုအဖွဲ့အစည်းဖြစ်ကာ ယခုအကြိမ် သည် မြန်မာနိုင်ငံမှ အာဆီယံ အင်ဂျင်နီယာနှင့် နည်းပညာ အကယ်ဒမီ ကောင်စီ အစည်းအဝေးကို  အိမ်ရှင်အဖြစ် ပထမဆုံးအကြိမ် လက်ခံကျင်းပခဲ့ခြင်းဖြစ်ပါသည်။

          အာဆီယံ အင်ဂျင်နီယာနှင့် နည်းပညာ အကယ်ဒမီ နှင့် အဖွဲ့ဝင်များသည် အထူးအားဖြင့် အာဆီယံလူ့အဖွဲ့အစည်းများမှတဆင့် ကမ္ဘာတဝှမ်းလုံးတွင် စီးပွားရေး၊ လူမှုရေးနှင့်လူသားချင်းစာနာထောက်ထားရေးကိစ္စရပ်များ လက်တွေ့ကျကျပိုမိုတိုးတက်ရေး အတွက် အင်ဂျင်နီယာ၊ သိပ္ပံပညာ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုများ တိုးမြှင့်ရေး၊ ပိုမိုကောင်းမွန်စေရေးနှင့် ပိုမို ကျယ်ပြန့်စွာ အသုံးချနိုင်ရေးတို့အတွက် မိမိတို့၏ ကျွမ်းကျင် တတ်မြောက်မှုနှင့် ကွန်ရက်များဖြင့် တစိုက်မတ်မတ် ဦးတည်ဆောင်ရွက်သွားရေးကို လူမှု တာဝန်တစ်ရပ်အဖြစ် ခံယူထားပါသည်။

          အာဆီယံ အင်ဂျင်နီယာနှင့် နည်းပညာ အကယ်ဒမီတွင် မြန်မာနိုင်ငံမှ ဆယ်စုနှစ်တစ်ခု ကျော် ပါဝင်ဆောင်ရွက်ပြီး နောက်ပိုင်းတွင် လက်ရှိအချိန်၌ အာဆီယံ အင်ဂျင်နီယာနှင့် နည်းပညာ အကယ်ဒမီ အဖွဲ့ဝင် စုစုပေါင်း (၂၅၆) ဦးတွင် မြန်မာနိုင်ငံမှ Senior Fellow (၂) ဦး၊ Fellow (၄၇) ဦး၊ Associate Fellow (၁၆) ဦး၊ စုစုပေါင်း (၆၇) ဦး ပါဝင်နေပြီး (၁၅) ဦး ကောင်စီတွင်  မြန်မာနိုင်ငံမှ ဒေါက်တာစိန်မြင့် နှင့် ဒေါက်တာအောင်ကျော်မြတ် တို့ပါဝင် ဆောင်ရွက်လျက်ရှိပါသည်။

Post under by : ဝန်ကြီးရုံး
27-Oct-2018