The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :
    (၂၁-၃-၂၀၁၉) ရက်နေ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု အမြင့်ဆုံးမှာ (၃၄၆၈) မဂ္ဂါဝပ်ဖြစ်ပြီး တစ်ရက်စုစုပေါင်းထုတ်လုပ်ခဲ့သည့် ယူနစ်မှာ (၆၇၁၂၉.၄) မဂ္ဂါဝပ်နာရီဖြစ်ပါသည်။         ၂၂.၃.၂၀၁၉ ရက်နေ့ ၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းလက်အောက်ရှိ စက်ရုံများ၏ ထုတ်ကုန်ပစ္စည်းများ၏ နေ့စဉ်ရောင်းဈေးနှုန်းများ         နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၂)ဖွင့်ပွဲ အခမ်းအနားနှင့် ၂၃၀ ကေဗွီ မော်လမြိုင်- မြဝတီ ဓာတ်အားလိုင်း ၅၅ ဒသမ ၃၄ မိုင်နှင့် ၂၃၀/၆၆/၁၁ ကေဗွီ ၁၀၀ အမ်ဗွီအေ မြဝတီ ပင်မဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်    

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင် (၁၁) ကြိမ်မြောက် စင်ကာပူ အပြည်ပြည်ဆိုင်ရာ စွမ်းအင်ရက်သတ္တပတ် (SIEW) ၏ဆက်စပ်အစည်းအဝေးဖြစ်သော    စင်ကာပူနှင့် အပြည်ပြည်ဆိုင်ရာစွမ်းအင်အေဂျင်စီ (IEA) တို့အကြား ကျင်းပသော    ဆွေးနွေးပွဲသို့တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ

၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (   ၃၁  ) ရက်

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် စင်ကာပူနိုင်ငံ Marina Bay Sands  ရှိ Sand Expo and Convention Center တွင် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်သည့် (၁၁) ကြိမ်မြောက် စင်ကာပူ အပြည်ပြည်ဆိုင်ရာ စွမ်းအင်ရက်သတ္တပတ်, Singapore International Energy Week (SIEW) ၏ဆက်စပ်အစည်းအဝေးဖြစ်သော စင်ကာပူနှင့် အပြည်ပြည်ဆိုင်ရာစွမ်းအင်အေဂျင်စီ (IEA) တို့အကြား ကျင်းပသော   Singapore - International Energy Agency Forum သို့ တက်ရောက်ခဲ့ပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် အမေရိကန်ပြည်ထောင်စု အမေရိကန်-အာဆီယံစီးပွားရေးကောင်စီ (US-ASEAN Business Council) မှ Senior Vice President Mr. Michael W. Michalak ဉီးစီးသော ကိုယ်စားလှယ်အဖွဲ့နှင့် နှစ်နိုင်ငံ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြ ပါသည်။

                    ညပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် Myanmar National Airlines UB 004 လေယာဉ်ဖြင့် စင်ကာပူအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြန်လည်ထွက်ခွါခဲ့ကြရာ မြန်မာ နိုင်ငံသို့ပြန်လည်ရောက်ရှိပါသည်။

Post under by : ဝန်ကြီးရုံး
31-Oct-2018