The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :
    (၂၁-၃-၂၀၁၉) ရက်နေ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု အမြင့်ဆုံးမှာ (၃၄၆၈) မဂ္ဂါဝပ်ဖြစ်ပြီး တစ်ရက်စုစုပေါင်းထုတ်လုပ်ခဲ့သည့် ယူနစ်မှာ (၆၇၁၂၉.၄) မဂ္ဂါဝပ်နာရီဖြစ်ပါသည်။         ၂၂.၃.၂၀၁၉ ရက်နေ့ ၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းလက်အောက်ရှိ စက်ရုံများ၏ ထုတ်ကုန်ပစ္စည်းများ၏ နေ့စဉ်ရောင်းဈေးနှုန်းများ         နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၂)ဖွင့်ပွဲ အခမ်းအနားနှင့် ၂၃၀ ကေဗွီ မော်လမြိုင်- မြဝတီ ဓာတ်အားလိုင်း ၅၅ ဒသမ ၃၄ မိုင်နှင့် ၂၃၀/၆၆/၁၁ ကေဗွီ ၁၀၀ အမ်ဗွီအေ မြဝတီ ပင်မဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်    

ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ (DSEZ MC)နှင့် Dawei SEZ Development Company-SPV ၏ Board of Directors များ တွေ့ဆုံဆွေးနွေးခြင်း

      ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ  (  ၃၁  ) ရက်

            ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း အကောင်အထည်ဖော်ရေးနှင့် စပ်လျဉ်းပြီး ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ (DSEZ MC) ဥက္ကဌ ဒေါက်တာထွန်းနိုင် ဦးဆောင်လျက် ထားဝယ်အထူးစီးပွားရေးဇုန်ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလိမီတက်(Dawei SEZ Development Company-SPV) ၏ Board of Directors များဖြစ်သည့် မြန်မာနိုင်ငံမှ နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဦးစီးဌာန(FERD)၊ ထိုင်းနိုင်ငံမှ NEDA နှင့် ဂျပန်နိုင်ငံမှ JBIC, JICA, JETRO တို့မှ ကိုယ်စားလှယ်များအား နေပြည်တော်၊ ရုံးအမှတ် (၂၇) လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမတွင် အောက်တိုဘာလ ၃၁ ရက်နေ့တွင် လက်ခံတွေ့ဆုံဆွေးနွေးခဲ့ပါသည်။

           ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် DSEZ MC ဥက္ကဋ္ဌ ဒေါက်တာထွန်းနိုင် မှ  SPV မှ Board of Directors များအားလုံးနှင့် တွေ့ဆုံရသဖြင့် ဝမ်းမြောက်ပါကြောင်း၊ DSEZ MC အနေဖြင့် ကနဦးစီမံကိန်း မြေငှားစာချုပ် ချုပ်ဆိုနိုင်ရေးအား (၁) နှစ်ခန့် အချိန်ယူ ညှိနှိုင်း ဆွေးနွေးခဲ့ပြီးဖြစ်သဖြင့် အပြည်ပြည်ဆိုင်ရာ အလေ့အကျင့်များနှင့် အပြီးသတ် ပြင်ဆင် လျက်ရှိပြီး မကြာမီ အီတာလျံ-ထိုင်း ကုမ္ပဏီသို့ စာချုပ်ချုပ်ဆို လက်မှတ်ရေးထိုးနိုင်ရန် ပေးပို့သွားမည်ဖြစ်ကြောင်း၊ မြေငှားစာချုပ် ချုပ်ဆိုရေးမှာ ကနဦးစီမံကိန်းအောင်မြင်ရေးအတွက် အရေးကြီးသည့် အဆင့်တစ်ဆင့်ဖြစ်ပါကြောင်း၊ SPV မှာ ထားဝယ်အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖွဲ့စည်းထားသည့် ကုမ္ပဏီဖြစ်သဖြင့် စီမံကိန်းအောင်မြင်ရေး ကူညီပံ့ပိုးပေးမှုများ များစွာ လိုအပ်ပါကြောင်း၊ စီမံကိန်းမြေပြင်တွင် အမှန်တကယ် ဖြစ်ထွန်းအောင်မြင်ရေးအတွက် အခြား အရေးပါသည့် အချက်မှာ မြန်မာ၊ ဂျပန်၊ ထိုင်း (၃) နိုင်ငံ အစိုးရများမှ အားတက်သရော ပါဝင်ဆောင်ရွက်ရန်ဖြစ်ကြောင်းနှင့် စီမံကိန်းလုပ်ငန်း ထိရောက်အောင်မြင်စွာ ဆောင်ရွက် နိုင်ရေးအတွက် SPV ရုံးခန်းကို မြန်မာနိုင်ငံတွင် ဖွင့်လှစ်ရန် လိုအပ်ပါကြောင်း ဆွေးနွေး ပြောကြားခဲ့ပါသည်။

ထို့နောက် SPV Chairman ဖြစ်သူ   Mr. Fumio Suzuki, Director General, New Energy and Power Finance Department II, JBIC မှ SPV မှ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ Board of Directors ပြောင်းလဲမှုများ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား တင်ပြဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲ့မှုကော်မတီဝင်များမှ ဆွေးနွေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကာ ၂၀၁၉ နှစ်ဆန်းပိုင်းတွင် အစည်းအဝေးထပ်မံပြုလုပ်ရန် ညှိနှိုင်းခဲ့ကြပါသည်။

Post under by : ဝန်ကြီးရုံး
31-Oct-2018