The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :
    (၁၉-၁၁-၂၀၁၈) ရက်နေ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု အမြင့်ဆုံးမှာ (၃၅၃၂.၅) မဂ္ဂါဝပ်ဖြစ်ပြီး တစ်ရက်စုစုပေါင်းထုတ်လုပ်ခဲ့သည့် ယူနစ်မှာ (၆၄၈၅၆.၄) မဂ္ဂါဝပ်နာရီဖြစ်ပါသည်။         လျှပ်စစ်နှင့်စွမ်းအင်၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဦး၀င်းခိုင် ၂၃၀ ကေဗွီ ပင်မဓာတ်အားခွဲရုံ(ကန်ကြီးထောင့်)၊ အမှတ်(၅)ဓာတ်မြေသြဇာစက်ရုံ(ကန်ကြီးထောင့်)နှင့် အမှတ်(၂)ရေနံဓာတ်ငွေ့ရည် စက်ရုံ(ညောင်တုန်း)တို့အား သွားရောက်စစ်ဆေး         ၂၃၀ကေဗွီ လှိုင်သာယာ-ကျိုက်လတ် ဓာတ်အားလိုင်း (၅၂.၂၆) မိုင်နှင့် ၂၃၀/၆၆/၁၁ ကေဗွီ၊ (၁၀၀) အမ်ဗွီအေ ကျိုက်လတ်ဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ် း    

လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းနှင့် Powergen Kyaukse Company Limited တို့အကြား လျှပ်စစ်ဓာတ်အားဝယ်ယူရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကျင်းပ

၂၀၁၈ခုနှစ်၊ နိုဝင်ဘာလ () ရက်

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းနှင့် Powergen Kyaukse Company Limited တို့အကြား ဓာတ်အားဝယ်ယူရေး သဘောတူ စာချုပ်(PPA) လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ၂၀၁၈ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့၊ ညနေ ၆:၀၀ နာရီအချိန်တွင် နေပြည်တော် Hilton Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါ အခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် အမျိုးသားလွှတ်တော် ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီတို့မ ှကော်မတီဝင်များ၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ၊ Powergen Kyaukse Company Limited ၏Managing Director ဦးမောင်ကျေးနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က အမှာစကား ပြောကြားရာတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ရှေ့ဆက်လက်ပြီး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ လျှပ်စစ်ကဏ္ဍတွင် ထုတ်လုပ်ရေးအပိုင်း၊ ဓာတ်အား ထုတ်လုပ်သည့်နေရာမှ သုံးစွဲမည့်နေရာသို့ စျေးနှုန်းသက်သာစွာဖြင့် အလေအလွင့် အနည်းဆုံးသယ်ယူပို့ဆောင်ပေးရမည့် အပိုင်းနှင့် သုံးစွဲသူများထံသို့ စျေးနှုန်းချိုသာစွာဖြင့် အရည်အသွေးပြည့်မီစွာ ဖြန့်ဖြူးပေးရသည့် အပိုင်းဟူ၍ (၃) ပိုင်းခွဲခြား ဆောင်ရွက်လျက် ရှိပါကြောင်း၊ နိုင်ငံတော်ဓာတ်အားလိုအပ်ချက်မှာ ၄၅၀၀ မဂ္ဂါဝပ်ခန့်ရှိပြီး လက်ရှိ ထုတ်လုပ်နိုင်မှုမှာ ၃၃၀၀ မဂ္ဂါဝပ်ခန့်သာရှိ၍ လိုအပ်ချက်ပြည့်မီရန် လိုနေသေးပါကြောင်း၊ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် ဓာတ်အားလိုအပ်ချက် မြင့်တက်လာပြီး နောက်ထပ် ၃၀၀၀ မဂ္ဂါဝပ် ထပ်မံလိုအပ်မည်ဖြစ်ပါကြောင်း၊ အစိုးရသစ်အနေဖြင့် လျှပ်စစ်ဓာတ်အားလိုအပ်ချက် ပြည့်မီရန် ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ တစ်နိုင်ငံလုံးအတွက် လျှပ်စစ် ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရာတွင် Reliable Power ဖြစ်ရန်အတွက် အရင်းမြစ်မျိုးစုံ ပါဝင်သည့် Proper Generation Mix ဖြစ်ရန် အဓိကကျပါကြောင်း၊ လက်ရှိမြန်မာနိုင်၏ Generation Mix မှာ ရေအားနှင့် ပြည်တွင်းထွက် သဘာဝဓာတ်ငွေ့ဖြင့်သာ ဆောင်ရွက် လျက်ရှိပြီး အနာဂါတ်တွင် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် LNG သုံးဓာတ်အားပေးစက်ရုံများဖြင့် ဓာတ်အားတိုးမြှင့်ထုတ်လုပ်သွားရန် စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ဘဲလင်း (၁၄၅) မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံစီမံကိန်းသည် ပြည်တွင်းထွက် သဘာဝဓာတ်ငွေ့ဖြစ်သော ရွှေကမ်းလွန်သဘာဝဓာတ်ငွေ့ တစ်ရက်ကုဗပေ ၃၀ သန်းကို အသုံးပြု၍ ၂၀၁၉ ခုနှစ်၊ နွေရာသီအမီ နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို အချိန်တိုအတွင်း ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ဘဲလင်း (၁၄၅) မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံမှ ထွက်ရှိသော ဓာတ်အားဝယ်ယူနိုင်ရေး အတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းနှင့် Powergen Kyaukse Company Limited တို့အကြား ဓာတ်အားဝယ်ယူရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်း ဖြစ်ပါကြောင်း၊ ဘဲလင်း (၁၄၅) မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံသည် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ဘဲလင်းဒေသတွင် တည်ရှိပြီး အာမခံထုတ်လုပ်နိုင်မည့် ဓာတ်အားပမာဏမှာ (၁၄၅) မဂ္ဂါဝပ်ဖြစ်ပါကြောင်း၊ ၎င်းဓာတ်အားပေးစက်ရုံမှ ဓာတ်အားကို ဘဲလင်းပင်မဓာတ်အားခွဲရုံမှတဆင့် ကျောက်ဆည် ဒေသနှင့် မန္တလေးဒေသသို့ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးသွားမည်ဖြစ်ပြီး နိုင်ငံတော် ဓာတ်အားစနစ်နှင့် ချိတ်ဆက်၍ ဓာတ်အားထုတ်လုပ်နေမည့် စက်ရုံဖြစ်သောကြောင့် ဓာတ်အားစနစ်မှ ဓာတ်အားရရှိသည့် ဒေသများမှ ပြည်သူများ အကျိုးမျှဝေ ခံစားရမည် ဖြစ်ပါကြောင်းနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူ ပြုလျက်ရှိပါကြောင်း ပြောကြားခဲ့ပြီး၊ Powergen Kyaukse Company Limited ၏Managing Director ဦးမောင်ကျေး က ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့ကြပါသည်။ ထို့နောက် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်း နှင့် Powergen Kyaukse Company Limited ၏ Managing Director ဦးမောင်ကျေး တို့က ဓာတ်အားဝယ်ယူရေး သဘောတူစာချုပ်ပေါ်တွင် လက်မှတ်ရေးထိုး၍ အပြန်အလှန်လဲလှယ်ခဲ့ကြပြီး စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြပါသည်။

အဆိုပါ ဓာတ်အားပေးစက်ရုံသည် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ဘဲလင်း (၂၃၀) ကေဗွီဓာတ်အားခွဲရုံဝန်းအတွင်း တည်ရှိပြီး Independent Power Producer (IPP) , Build-Operate-Own(BOO) စနစ်ဖြင့် နိုင်ငံသားနှင့် နိုင်ငံခြားသားတို့ ပူးပေါင်းရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီဖြစ်သော Powergen Kyaukse Company Limited မှ ၂၀၁၈ ခုနှစ်၊ မေလတွင် စတင်အကောင်အထည်ဖော် တည်ဆောက်ခဲ့ပြီး၊ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စီးပွားဖြစ် စတင်ဓာတ်အားထုတ်လုပ် နိုင်မည်ဖြစ်ပါသည်။ ၎င်းဓာတ်အားပေးစက်ရုံ၏ စက်တပ်ဆင်အင်အားမှာ စုစုပေါင်း (၁၄၇.၇၆၈) မဂ္ဂါဝပ် (၁၈.၄၇၁ မဂ္ဂါဝပ် × ၈လုံး) ဖြစ်ပြီး၊ အာမခံထုတ်လုပ်နိုင်မည့် ဓာတ်အားပမာဏမှာ (၁၄၅) မဂ္ဂါဝပ်ဖြစ်၍ ဒီဇိုင်းအရ တစ်နှစ်ထုတ်လုပ်နိုင်မှုမှာ ယူနစ်သန်းပေါင်း ၁၀၂၀ ဖြစ်ပြီး နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည့် စီမံကိန်းတစ်ခုဖြစ်ပါသည်။

Post under by : ဝန်ကြီးရုံး
06-Nov-2018