The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :
    (၂၁-၃-၂၀၁၉) ရက်နေ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု အမြင့်ဆုံးမှာ (၃၄၆၈) မဂ္ဂါဝပ်ဖြစ်ပြီး တစ်ရက်စုစုပေါင်းထုတ်လုပ်ခဲ့သည့် ယူနစ်မှာ (၆၇၁၂၉.၄) မဂ္ဂါဝပ်နာရီဖြစ်ပါသည်။         ၂၂.၃.၂၀၁၉ ရက်နေ့ ၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းလက်အောက်ရှိ စက်ရုံများ၏ ထုတ်ကုန်ပစ္စည်းများ၏ နေ့စဉ်ရောင်းဈေးနှုန်းများ         နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၂)ဖွင့်ပွဲ အခမ်းအနားနှင့် ၂၃၀ ကေဗွီ မော်လမြိုင်- မြဝတီ ဓာတ်အားလိုင်း ၅၅ ဒသမ ၃၄ မိုင်နှင့် ၂၃၀/၆၆/၁၁ ကေဗွီ ၁၀၀ အမ်ဗွီအေ မြဝတီ ပင်မဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်    

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် “Rural Electrification Programme II: On Grid Electrification Component” စီမံကိန်း အကောင်အထည်ဖော်နိုင်ရေးအတွက် အကြံပေးဝန်ဆောင်မှုလုပ်ငန်းတင်ဒါအောင်မြင်သည့် Consortium of Consulectra (Germany) Co.,Ltd တို့အကြား လုပ်ငန်းအပ်နှံသည့်စာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပ

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ  (  ၃၀ ) ရက်

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းနှင့် ဂျာမနီ နိုင်ငံ KfW ဘဏ်ချေးငွေဖြင့် ဆောင်ရွက်မည့် ကျေးလက်ဒေသ လျှပ်စစ်ဓာတ်အားရရှိရေးအစီအစဉ်-၂၊ “Rural Electrification Programme II: On Grid Electrification Component” စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အကြံပေးဝန်ဆောင်မှုလုပ်ငန်း တင်ဒါအောင်မြင် သည့် Consortium of Consulectra (Germany) Co.,Ltd တို့အကြား လုပ်ငန်းအပ်နှံသည့် စာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ၂၀၁၉ ခုနှစ် ၊ ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက် ၀၉:၀၀ နာရီအချိန်တွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

          အဆိုပါအခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဂျာမနီ သံရုံးမှ Head of Development Cooperation ဖြစ်သူ   Dr. Katharina Spiess ၊ KfW ဘဏ်မှ Myanmar Country Director ၊ Consortium of Consulectra (Germany) Co.,Ltd မှ Project Coordinator နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က အမှာစကားပြောကြားရာတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ၂၀၃၀ ပြည့်နှစ်တွင် မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား အပြည့်အဝ ရရှိစေရန် ရည်ရွယ်ပြီး စီမံကိန်းများ ချမှတ်ဆောင်ရွက်လျက်ရှိသည့်အပြင် နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် World Bank ၊ ADB ၊ JICA ၊ KfW Bank စသည်တို့ထံမှ အတိုးနှုန်းသက်သာသော နှစ်ရှည်ချေးငွေများ ရယူကာ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးအပိုင်း ကိုလည်း တွန်းအားပေးဆောင်ရွက် လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် အိမ်ထောင်စုပေါင်း ၁၀.၈၈ သန်းရှိရာ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလအထိ အိမ်ထောင်စုပေါင်း ၄.၇၄ သန်း (၄၃ %) ခန့်သာ ဓာတ်အားစနစ်မှ လျှပ်စစ်မီးရရှိပြီး ၆.၁၄ သန်း (၅၇ %) ခန့်မှာ ဓာတ်အားစနစ်မှ လျှပ်စစ် ဓာတ်အားရရှိရန် လိုအပ်နေပါကြောင်း၊ ၂၀၂၁ ခုနှစ်တွင် လက်ရှိအိမ်ထောင်စုအားလုံး၏ ၅၅ ရာခိုင်နှုန်းခန့်အားဓာတ်အားစနစ်မှလျှပ်စစ်ဓာတ်အားရရှိနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုလိုဆောင်ရွက်ရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ယခုဂျာမနီချေးငွေအပါအဝင် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရဘဏ္ဍာရန်ပုံငွေ၊ နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်း များထံမှ  ချေးငွေ၊ ထောက်ပံ့ငွေများဖြင့် လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးပေးနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ဂျာမနီနိုင်ငံ KfW Bank ထံမှ ချေးငွေ ယူရို ၂၃.၈၈၃ သန်းနှင့် ထောက်ပံ့ငွေ ယူရို ၆.၅၃၅ သန်း၊ စုစုပေါင်းယူရို ၃၀.၄၁၈ သန်းရယူခဲ့ပြီး ရှမ်းပြည်နယ် (တောင်ပိုင်း)ရှိ တောင်ကြီး၊ လွိုင်လင်နှင့် လင်းခေးခရိုင်များအတွင်းတွင် ၆၆ ကေဗွီ၊ ၃၃ ကေဗွီနှင့် ၁၁ ကေဗွီ ဓာတ်အားခွဲရုံများနှင့် ဆက်စပ်ဓာတ်အားလိုင်းများ တည်ဆောက်ခြင်းနှင့် ကျေးရွာ ၄၁၆ ရွာနှင့် အိမ်ထောင်စုပေါင်း ၃၂၄၀၆ စု ဓာတ်အား စနစ်မှ လျှပ်စစ်ဓာတ်အားရရှိသွားမည့်အပြင် ၎င်းဒေသရှိ လျှပ်စစ်ဓာတ်အားရရှိပြီး ကျေးရွာများကိုလည်း ဗို့အားပိုမိုပြည့်ဝတည်ငြိမ်စွာဖြင့် ဓာတ်အားဖြန့်ဖြူးပေးနိုင် မည် ဖြစ်ပါကြောင်း၊ လက်ရှိအချိန်အထိ ရှမ်းပြည်နယ် (တောင်ပိုင်း) ရှိ အိမ်ထောင်စုပေါင်း ၅၁၄၆၃၉ စု၏ ၄၂.၆၄ ရာခိုင်နှုန်းအား ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးထားပါကြောင်း၊ ယခုစီမံကိန်း ဆောင်ရွက်ပြီးစီးပါက ၄၈.၉၄ ရာခိုင်နှုန်းအထိ တိုးတက်ရရှိသွားမည်ဖြစ်၍ အဆိုပါ စီမံကိန်း ဆောင်ရွက်ခြင်းကြောင့် ဓာတ်အား သုံးစွဲမှုရာခိုင်နှုန်း (Electrification Ratio) မှာ ၆.၃ ရာခိုင်နှုန်းအထိ တိုးတက် လာကာ ရှမ်းပြည်နယ် (တောင်ပိုင်း) ၏ လျှပ်စစ်ဓာတ်အား ရရှိသုံးစွဲမှု (Electrification Ratio) မှာ စုစုပေါင်း ၄၈.၉၄ ရာခိုင်နှုန်းအထိ တိုးတက်လာမည်ဖြစ်ပါကြောင်း၊ ယခု တင်ဒါရွေးချယ်ခြင်းခံရသည့် Consortium of Consulectra (Germany) Co.,Ltd အနေဖြင့် စီမံကိန်းအကောင်အထည်ဖော်နိုင်ရေးအတွက် မိမိတို့၏လုပ်ငန်းတာဝန်များ ဖြစ်သည့် နိုင်ငံတကာ တင်ဒါလုပ်ငန်းစဉ်များကို  လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းနှင့် ပူးပေါင်း ဆောင်ရွက်ပြီး အကြံဉာဏ်များပေးခြင်း၊ စီမံကိန်းအကောင်အထည်ဖော်မှုများအား စစ်ဆေးခြင်း နှင့် စိစစ်အကဲဖြတ်ခြင်း၊ နည်းပညာဆိုင်ရာ အခြေခံနှင့် အဆင့်မြင့်သင်တန်းများပို့ချခြင်း၊ စီမံကိန်း အကောင်အထည်ဖော်မှု လုပ်ငန်းစဉ်များအား လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတို့နှင့် ပူးပေါင်း၍ အကြံဉာဏ်ပေးခြင်းများ ဆောင်ရွက်ခြင်း၊ အကောင် အထည်ဖော် ဆောင်ရွက်မှုအခြေအနေများအား KfW သို့ အစီရင်ခံစာများပေးပို့ရာတွင် အကူအညီ အထောက်အပံ့များပေးခြင်း၊ စီမံကိန်းပြီးမြောက်ခြင်းအစီရင်ခံစာအား ပြင်ဆင်ခြင်း အစရှိသည့် လုပ်ငန်းများအား Executing Agency (EA) ဖြစ်သည့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း နှင့်အတူ ပူးပေါင်းဆောင်ရွက်သွားရန်ဖြစ်ပါ ကြောင်း၊ Consortium of Consulectra(Germany) Co.,Ltd အနေဖြင့် ဂျာမနီ အခြေစိုက် အကြံပေးကုမ္ပဏီဖြစ်သည့်အပြင် KfW Funding Project  များတွင် အတွေ့အကြုံရှိပြီးဖြစ်၍ KfW ၏ Regulations and Guidelines များနှင့်အညီ ဆောင်ရွက်ရာတွင် လုပ်ငန်းလျင်မြန်သွက်လက်စေရေး အကောင်းဆုံး ပူးပေါင်း ဆောင်ရွက်ပေး သွားရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

          ထို့နောက် ဂျာမနီသံရုံးမှ Head of Development Cooperation ဖြစ်သူ  Dr. Katharina Spiess မှ နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။

          ၎င်းနောက်     လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးစောဝင်းမောင်နှင့် တင်ဒါအောင်မြင်သည့် Consortium of Consulectra (Germany) Co.,Ltd မှ  Project Coordinator ဖြစ်သူ Mr. Jurgen Kampa တို့မှ စာချုပ်များတွင် လက်မှတ်ရေးထိုး၍ အပြန်အလှန်လဲလှယ်ခဲ့ကြပြီး စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြပါသည်။

          အဆိုပါ စီမံကိန်းလုပ်ငန်းများ စတင်ဆောင်ရွက်နိုင်ရန်အတွက် အကြံပေးဝန်ဆောင်မှု လုပ်ငန်းများတွင် အပါအဝင်ဖြစ်သည့် Bidding Document များ ပြင်ဆင်ခြင်းလုပ်ငန်းများအား စာချုပ်ချုပ်ဆိုပြီး ၂ ပတ်အတွင်း စတင်ဆောင်ရွက် သွားမည်ဖြစ်ပါသည်။

Post under by : ဝန်ကြီးရုံး
30-Jan-2019