The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :
    (၂၁-၃-၂၀၁၉) ရက်နေ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု အမြင့်ဆုံးမှာ (၃၄၆၈) မဂ္ဂါဝပ်ဖြစ်ပြီး တစ်ရက်စုစုပေါင်းထုတ်လုပ်ခဲ့သည့် ယူနစ်မှာ (၆၇၁၂၉.၄) မဂ္ဂါဝပ်နာရီဖြစ်ပါသည်။         ၂၂.၃.၂၀၁၉ ရက်နေ့ ၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းလက်အောက်ရှိ စက်ရုံများ၏ ထုတ်ကုန်ပစ္စည်းများ၏ နေ့စဉ်ရောင်းဈေးနှုန်းများ         နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၂)ဖွင့်ပွဲ အခမ်းအနားနှင့် ၂၃၀ ကေဗွီ မော်လမြိုင်- မြဝတီ ဓာတ်အားလိုင်း ၅၅ ဒသမ ၃၄ မိုင်နှင့် ၂၃၀/၆၆/၁၁ ကေဗွီ ၁၀၀ အမ်ဗွီအေ မြဝတီ ပင်မဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်    

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓာတ်အားဖြန့်ဖြူးပေးထားသော ဝန်အားပြည့် ဓာတ်အားခွဲရုံများ အဆင့်မြှင့်တင်ခြင်း၊ ဓာတ်အားလိုင်းအပြစ်ဖြစ်ပွားခြင်းနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ်များနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

၂၀၁၉   ခုနှစ်၊   ဖေဖော်ဝါရီလ  (  ၂  ) ရက်                                 

 

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် များသို့ လျှပ်စစ်ဓာတ်အားတိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေး၊ ဓာတ်အားပြတ်တောက်မှု လျော့နည်း စေရေးနှင့် ဓာတ်အားစနစ်တည်ငြိမ် တိုးတက်ကောင်းမွန်စေရေးတို့အတွက် ဝန်အားပြည့် ဓာတ်အားခွဲရုံများ အဆင့်မြှင့်တင်ခြင်း၊ ဓာတ်အားလိုင်းအပြစ် ဖြစ်ပွားခြင်း နှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့၊ နံနက် ၀၈:၀၀ နာရီအချိန်တွင် ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အစည်းအဝေးသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌ၊ ဦးစီးဌာနနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲများ၊ ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်လျှပ်စစ်မန်နေဂျာများ၊ ခရိုင်လျှပ်စစ်အင်ဂျင်နီယာများ၊ မြို့နယ်လျှပ်စစ်မန်နေဂျာ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာများ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ၌ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ၂၀၂၀-၂၀၂၁ ခုနှစ်တွင် မီးသုံးစွဲနိုင်မှုဦးရေ (Electrification Ratio) အား တစ်နိုင်ငံလုံး၏ ၅၅ % အထိ တိုးတက်ဖြန့်ဖြူးပေး နိုင်ရေး ဆောင်ရွက်လျက် ရှိနေသကဲ့သို့ ဓာတ်အားစနစ်မှမီးရရှိသုံးစွဲနေသည့် ပြည်သူလူထုအတွက် လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေး၊ ဓာတ်အားပြတ်တောက်မှုလျော့နည်းစေရေး၊ ဓာတ်အားစနစ် တည်ငြိမ်တိုးတက်ကောင်းမွန်စေရေးနှင့် ဗို့အားပြည့်ဝပြီး တည်ငြိမ်သည့် လျှပ်စစ်ဓာတ်အား များ ဖြန့်ဖြူးပေးနိုင်ရေးတို့အတွက် ဟန်ချက်ညီညီ စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ တစ်နိုင်ငံလုံး၏ ဓာတ်အားထုတ်လုပ်မှု အနေဖြင့် (၃၅၈၆)မဂ္ဂါဝပ်ခန့် ထုတ်လုပ်ပေးလျက် ရှိပြီး ရန်ကုန်တိုင်းဒေသကြီး၏ အမြင့်ဆုံးဓာတ်အားသုံးစွဲမှုမှာ (၁၅၄၃.၂၃)မဂ္ဂါဝပ်ခန့် သုံးစွဲလျှက်ရှိရာ တစ်နိုင်ငံလုံး၏ ထက်ဝက်နီးပါးရှိနေ၍ ရန်ကုန်တိုင်းဒေသကြီး၏ လျှပ်စစ် ကဏ္ဍသည် မိမိတို့ဝန်ကြီးဌာနအတွက် အဓိကကျကြောင်း၊ ၄င်းအပြင် ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း အနေဖြင့် ၂၀၂၀-၂၀၂၁ ခုနှစ်၌ ရန်ကုန်တိုင်းဒေသကြီးကို Electrification Ratio ရာနှုန်းပြည့်သုံးစွဲနိုင်ရေး ရည်မှန်းချက်ထား ဆောင်ရွက်လျက် ရှိကြောင်း၊ ထိုသို့ဆောင်ရွက်လျက်ရှိရာ မြို့နယ်များသို့ ဗို့အားပြည့်ဝပြီးတည်ငြိမ်သည့် လျှပ်စစ်ဓာတ်အားများ ဖြန့်ဖြူးနိုင်ရေးအတွက် ခရိုင်အတွင်းရှိ ဝန်အားပြည့်နေသော ဓာတ်အားခွဲရုံများနှင့် ဓာတ်အားလိုင်းများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင် ရေး၊ ဓာတ်အားပြတ်တောက်မှုနှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းစေရေးတို့အတွက် အလေးအနက်ထားဆောင်ရွက်ကြရန် လိုကြောင်း၊ မိမိတို့မြို့နယ်များအလိုက် ဖြစ်ပေါ် နေသည့် ပကတိအခြေအနေများကို တင်ပြကြရန်နှင့် တင်ပြချက်များအပေါ် နည်းပညာအရ ပေါင်းစပ်ပြုပြင်နိုင်ရေး ဆောင်ရွက်နိုင်ရန်အတွက် ပြုလုပ်ခြင်းဖြစ်ကြောင်း၊ တစ်ကြိမ်သာ ပြုလုပ်ခြင်း မဟုတ်ဘဲ အကြိမ်ကြိမ်ပြုလုပ်၍ တိုးတက်အောင် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ နိုင်ငံတော်မှ ရည်မှန်းဆောင်ရွက်လျက်ရှိသည့် ရင်းနှီးမြှပ်နှံမှုများအတွက် လိုအပ် သည့် ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် မျှော်မှန်းပြီး ထုတ်လုပ်မှုအပိုင်း၊ ပို့လွှတ်မှု အပိုင်းနှင့် ဖြန့်ဖြူးမှုအပိုင်းများကို အသင့်ဖြစ်စေရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ ရင်းနှီးမြှပ်နှံမှုများအတွက် မိမိတို့ဝန်ကြီးဌာနသည် အဓိကကျသည့်အတွက် ရင်းနှီးမြှုပ်နှံသူ များ စိတ်ဝင်စားမှုမြင့်မားလာအောင် ဆောင်ရွက်ရန်လိုကြောင်း၊ ၄င်းအပြင် ပြည်သူလူထု အတွက် အရည်အသွေးပြည့်ဝသည့် လျှပ်စစ်ဓာတ်အားများ ဖြန့်ဖြူးပေးနိုင်ရန်နှင့် လိုချင် သလောက်ဓာတ်အားကို ပေးနိုင်သည့် အဖွဲ့အစည်းမျိုးဖြစ်ရေး ပြောင်းလဲဆောင်ရွက်လျက် ရှိကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း မိမိတို့ဆောင်ရွက်နေသည့် လုပ်ငန်းများအပေါ် အဂတိတရားကင်းရှင်းစွာဖြင့်  တာဝန်ယူမှု တာဝန်ခံမှု အပြည့်ဖြင့် မိမိတို့ဝန်ကြီးဌာန၏ ရည်မှန်းချက်များ အောင်မြင်အောင်စေတနာထား၍ ဝိုင်းဝန်းဆောင်ရွက်သွားကြရမည်ဖြစ် ကြောင်း၊ ပြည်သူကို လေးလေးစားစားဆက်ဆံရန် နှင့် ပြည်သူများ၏ တုန့်ပြန်မှုများကို ပြန်လည်သုံးသပ်၍ မိမိတို့၏ အတွေ့အကြုံဗဟုသုတပညာရပ်များကို အသုံးချပြီး ပြည်သူကို အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြရန် ပြောကြား ခဲ့ပါသည်။   

          ၎င်းနောက် ရန်ကုန်တိုင်းဒေသကြီး၊ ခရိုင်လျှပ်စစ်မန်နေဂျာများမှ မိမိတို့ခရိုင် အတွင်းရှိ မြို့နယ်များ၏ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးထားမှုအခြေအနေ၊ နှစ်အလိုက် ဓာတ်အားတိုးတက်သုံးစွဲလာမှုနှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းရေးအတွက် ဆောင် ရွက်ထားရှိမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများကို အသီးသီးရှင်းလင်း တင်ပြရာ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း အမှုဆောင်အရာရှိချုပ် နှင့် ဥက္ကဋ္ဌတို့မှ ဖြည့်စွက်တင်ပြခဲ့ပြီး လျှပ်စစ်ဓာတ်အားပို့လွှတ်ရေး နှင့် ကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ ခရိုင်များအတွင်းရှိ ခွဲရုံအသီးသီး၏ ဓာတ်အားလိုင်းများအခြေအနေ၊  ခွဲရုံများရှိ ထရန်စဖော်မာများ၏ ဝန်အားနှင့် ဓာတ်အားသုံးစွဲမှုအခြေအနေ နှင့် ဆက်လက် ဆောင်ရွက်မည့်အခြေအနေတို့ကို ရှင်းလင်း တင်ပြခဲ့ပါသည်။ ၄င်းနောက် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်မှ နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်များအပေါ် ဆက်လက်ဆောင်ရွက် ရမည့် လုပ်ငန်းစဉ်များကို ဖြည့်စွက်ဆွေးနွေးတင်ပြခဲ့ပါသည်။

တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်ပြောကြားရာ၌ ယခင်ပြုလုပ်ခဲ့ သည့်အစည်းအဝေးများ၌ တင်ပြခဲ့သည့် မြို့နယ်အလိုက် ဓာတ်အားပျောက်ဆုံးမှုနှင့် ယခု အစည်းအဝေး၌တင်ပြသည့် ဓာတ်အားပျောက်ဆုံးမှုများကို နှိုင်းယှဉ်ပါက လျော့နည်း ကျဆင်းသွားမှုများရှိသော်လည်း မိမိတို့၏ရည်မှန်းချက်ပြည့်မီအောင် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ လုပ်ငန်းစဉ်ဆောင်ရွက်ရာ၌ ရလဒ် (results) ရရှိအောင် ရည်မှန်းဆောင် ရွက်ရန် မိမိတို့ကဏ္ဍအလိုက် ဆောင်ရွက်မည့်လုပ်ငန်းများ အပေါ် တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ဖြင့် အဆင့်ဆင့်ရည်မှန်းချက်ထား ဆောင်ရွက်ရန် လိုအပ်ကြောင်းနှင့် ဆောင်ရွက်စဉ် လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေးတို့ကို အလေးထား လိုက်နာဆောင်ရွက်သွားရန်တို့အား လမ်းညွှန်မှာကြားခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
02-Feb-2019