The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :
    (၂၁-၃-၂၀၁၉) ရက်နေ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု အမြင့်ဆုံးမှာ (၃၄၆၈) မဂ္ဂါဝပ်ဖြစ်ပြီး တစ်ရက်စုစုပေါင်းထုတ်လုပ်ခဲ့သည့် ယူနစ်မှာ (၆၇၁၂၉.၄) မဂ္ဂါဝပ်နာရီဖြစ်ပါသည်။         ၂၂.၃.၂၀၁၉ ရက်နေ့ ၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းလက်အောက်ရှိ စက်ရုံများ၏ ထုတ်ကုန်ပစ္စည်းများ၏ နေ့စဉ်ရောင်းဈေးနှုန်းများ         နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၂)ဖွင့်ပွဲ အခမ်းအနားနှင့် ၂၃၀ ကေဗွီ မော်လမြိုင်- မြဝတီ ဓာတ်အားလိုင်း ၅၅ ဒသမ ၃၄ မိုင်နှင့် ၂၃၀/၆၆/၁၁ ကေဗွီ ၁၀၀ အမ်ဗွီအေ မြဝတီ ပင်မဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်    

ဒေသန္တရရေနံချက်လုပ်ခြင်းလုပ်ငန်း လိုင်စင်သက်တမ်းတိုးလျှောက်ထားခြင်းနှင့် လုပ်ငန်းစတင်လုပ်ကိုင်လိုသူများ လိုင်စင်အသစ်လျှောက်ထားရန် နှိုးဆော်ခြင်း

၁။      လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းမှ ခွင့်ပြုထုတ်ပေးထားသော

ဒေသန္တရရေနံချက်လုပ်ခြင်းလုပ်ငန်းလိုင်စင်များသည် ၂၀၁၉ ခုနှစ် မတ် ၃၁ ရက်နေ့တွင် သက်တမ်း ကုန်ဆုံးမည်ဖြစ်ပါသဖြင့် သက်တမ်းကုန်ဆုံးသောနေ့ရက်မတိုင်မီ နောင်လာမည့်နှစ်အတွက် လိုင်စင် သက်တမ်းတိုးမြှင့်ခြင်းကို  ဆောင်ရွက်ရမည် ဖြစ်ပါသည်။

၂။      လိုင်စင်အသစ်လျှောက်ထားခြင်းနှင့် လိုင်စင်သက်တမ်းတိုးမြှင့်ပေးရန်အတွက် အောက်ဖေါ် ပြပါ အထောက်အထားစာရွက်စာတမ်းမိတ္တူများနှင့်အတူ လျှောက်လွှာကို ပြည်နယ်/တိုင်းဒေသကြီး များရှိ ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီရုံးများတွင် ၂၀၁၉ ခုနှစ် မတ်လ ၁၅ ရက်နေ့ နောက်ဆုံးထား၍ တင်ပြလျှောက်ထားရမည် ဖြစ်ပါသည်-

          (က)    လိုင်စင်သက်တမ်းတိုးလျှောက်ထားခြင်း

  • နိုင်ငံသားစိစစ်ရေးကတ်ပြား

  • စည်ပင်သာယာရေးအဖွဲ့၏လုပ်ငန်းလိုင်စင

  • မီးသတ်ဦးစီးဌာန၏ထောက်ခံချက်

          (ခ)     လိုင်စင်အသစ်လျှောက်ထားခြင်း

  • နိုင်ငံသားစိစစ်ရေးကတ်ပြား

  • စည်ပင်သာယာရေးအဖွဲ့၏လုပ်ငန်းလိုင်စင်

  • မီးသတ်ဦးစီးဌာန၏ထောက်ခံချက်

  • ပြည်တွင်းအခွန်များဦးစီးဌာန၏အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်

  • မြေပိုင်ဆိုင်မှု(သို့)မြေအသုံးပြုခွင့်ဆိုင်ရာ အထောက်အထား

  • ပြည်နယ်/တိုင်းဒေသကြီးအစိုးရအဖွဲ့၏ကန့်ကွက်ရန်မရှိကြောင်းထောက်ခံချက်

၃။      မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းမှ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့များသည် ၂၀၁၉ ခုနှစ် မတ်လ ၁၆ ရက်နေ့မှ ၃၁ ရက်နေ့အတွင်း သက်ဆိုင်ရာ လုပ်ငန်းနေရာများသို့ ကွင်းဆင်းစစ်ဆေးစိစစ်ပြီး သတ်မှတ်စည်းကမ်းချက်များနှင့်ကိုက်ညီသူများအား လိုင်စင်သက်တမ်းတိုးပေးခြင်းနှင့်လိုင်စင်အသစ် ထုတ်ပေးခြင်းတို့ကို  ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

၄။      လိုင်စင် သက်တမ်းတိုး/အသစ်လျှောက်လွှာပုံစံများကို သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီး များရှိ ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီရုံးများတွင် ရယူနိုင်ပြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန Website တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

၅။      သက်တမ်းတိုးရန်ပျက်ကွက်ပါက ၁-၄-၂၀၁၉ ရက်နေ့မှစတင်၍ ရက်လွန်ဒဏ်ကြေးအဖြစ် တစ်ရက်လျှင် လိုင်စင်ကြေး၏ ၁% ကိုပေးဆောင်ရမည်ဖြစ်ပြီး ကျော်လွန်ပါက လိုင်စင် ဖျက်သိမ်းမည် ဖြစ်ပါသည်။

၆။      လိုင်စင်သက်တမ်းတိုးလျှောက်ထားသူများအား ထုတ်ပေးထားသည့်လိုင်စင်ကတ်အဟောင်းကို ပြန်လည်သိမ်းယူမည်ဖြစ်ပြီး ပျောက်ဆုံးခဲ့ပါက လိုင်စင်ကြေး၏ ၅၀% အား ဒဏ်ကြေးအဖြစ် ပေးသွင်းရမည်ဖြစ်ပါသည်။ လိုင်စင် သက်တမ်းတိုး/အသစ်လျှောက်ထားခြင်းနှင့်ပတ်သက်၍ အသေး စိတ်အချက်အလက်များ သိရှိလိုပါက ဖုန်း-၀၆၇-၃၄၁၁၀၈၂ နှင့် ၀၆၇-၃၄၁၁၀၉၃ ထံသို့ ရုံးချိန် အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Download Link : APPLY_FORM1.pdf
Post under by : မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း(MPE)
05-Feb-2019