The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :
    (၁၉-၁၁-၂၀၁၈) ရက်နေ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု အမြင့်ဆုံးမှာ (၃၅၃၂.၅) မဂ္ဂါဝပ်ဖြစ်ပြီး တစ်ရက်စုစုပေါင်းထုတ်လုပ်ခဲ့သည့် ယူနစ်မှာ (၆၄၈၅၆.၄) မဂ္ဂါဝပ်နာရီဖြစ်ပါသည်။         လျှပ်စစ်နှင့်စွမ်းအင်၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဦး၀င်းခိုင် ၂၃၀ ကေဗွီ ပင်မဓာတ်အားခွဲရုံ(ကန်ကြီးထောင့်)၊ အမှတ်(၅)ဓာတ်မြေသြဇာစက်ရုံ(ကန်ကြီးထောင့်)နှင့် အမှတ်(၂)ရေနံဓာတ်ငွေ့ရည် စက်ရုံ(ညောင်တုန်း)တို့အား သွားရောက်စစ်ဆေး         ၂၃၀ကေဗွီ လှိုင်သာယာ-ကျိုက်လတ် ဓာတ်အားလိုင်း (၅၂.၂၆) မိုင်နှင့် ၂၃၀/၆၆/၁၁ ကေဗွီ၊ (၁၀၀) အမ်ဗွီအေ ကျိုက်လတ်ဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ် း    

ပြည်တွင်းထုတ်ဓာတ်ဆီများကို နိုင်ငံပိုင်စက်သုံးဆီအရောင်းဆိုင် (၈) ဆိုင်မှ ဖြန့်ဖြူးရောင်းချ ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိ

         နေပြည်တော် ၊ ဇွန်လ ၂၈ ရက်     

              နိုင်ငံတကာစက်သုံးဆီဈေးနှုန်းနှင့် နိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်တက်လာခြင်းကြောင့် ပြည်တွင်းစက်သုံးဆီဈေးနှုန်း မြင့်တက်လာနိုင်သဖြင့် ဈေးနှုန်းထိန်းညှိရန်ရည်ရွယ်၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ ရေနံဓာတုဗေဒစက်ရုံစု(သံပရာကန်)မှ ထုတ်လုပ်သည့်  ပြည်တွင်းထုတ်ဓာတ်ဆီများအား သင့်တော်သော ဈေးနှုန်းဖြင့် ၁-၇-၂၀၁၈ ရက်နေ့မှစတင်၍ မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း၏ နိုင်ငံပိုင်စက်သုံးဆီ အရောင်းဆိုင် ၈ ဆိုင်များဖြစ်သည့် နေပြည်တော်(၀၃၅၄)၊ ရန်ကုန်(၀၂၇၅)၊ ရန်ကုန်(၀၂၅၄)၊ ရန်ကုန် (၀၂၄၇)၊ မန္တလေး(၀၆၁၁)၊ မန္တလေး(၀၆၁၄)၊ ပဲခူး(၀၁၉၂) နှင့် ဟင်းငုတ်ပင် (တောင်ငူ)(၀၁၆၀) တို့တွင် မော်တော်ယာဉ်ငယ်များ/မော်တော်ဆိုင်ကယ်များသုံးစွဲရန် ပြည်သူ လူထုသို့ တိုက်ရိုက်လွတ်လပ်စွာ ပိတ်ရက်မရှိ လက်လီဖြန့်ဖြူးရောင်းချသွားမည်ဖြစ်ပါသည်။

          ထို့အပြင် မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ ရေနံဓာတုဗေဒစက်ရုံစု(သံပရာကန်)မှ ထုတ်လုပ်သည့် ပြည်တွင်းထုတ်ဓာတ်ဆီ ဂါလန် ၃ သန်းကို ၂၄-၄-၂၀၁၈ ရက်နေ့တွင် ပုဂ္ဂလိက စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်း(MPTA) သို့ ပထမအကြိမ် ဖြန့်ဖြူးရောင်း ချပေးခဲ့ပြီး ယခု ဒုတိယအကြိမ်အဖြစ် ဓာတ်ဆီ ဂါလန် ၃ သန်းအား ထပ်မံဖြန့်ဖြူးရောင်းချ ပေးမည် ဖြစ်ပါသည်။

Post under by : မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း(MPPE)
28-Jun-2018