The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

၀န်ကြီးဌာနသတင်း

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် မကွေးတိုင်းဒေသကြီး အတွင်း လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ မကွေးတိုင်းဒေသကြီး သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၁၉ ခုနှစ်၊ မေလ ၁၉ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး အတွင်း လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။


Read More...
20-May-2019
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် မကွေးတိုင်းဒေသကြီးအတွင်းရှိ မုန်းချောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် ကြီးအုံကြီးဝရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများသို့ သွားရောက်ကြည့်ရှုစစ်ဆေး

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် မကွေးတိုင်း ဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညို၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာ ထွန်းနိုင်၊ မကွေးတိုင်းဒေသကြီး သယံဇာတ၊ သဘာဝပတ်ဝန်းကျင် ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၉ ခုနှစ်၊ မေလ ၁၈ ရက်နေ့ တွင် မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်ရှိ မုန်းချောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် ပွင့်ဖြူမြို့နယ်ရှိ ကြီးအုံကြီးဝ ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ ပါသည်။


Read More...
19-May-2019
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်တွေ့ဆုံဆွေးနွေး

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၁၉ ခုနှစ်၊ မေလ ၁၇ ရက်နေ့ ညနေပိုင်းတွင် မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံး၌ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်တွေ့ဆုံ၍ မကွေးတိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော် ဆောင်ရွက် သွားမည့် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေး ခဲ့ကြပါသည်။


Read More...
18-May-2019

ဆောင်းပါးများ

ပြည်သူ့အတွက် တတိယ(၁)နှစ်တာ (ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်နှင့် နှင့် MRTV အမေးအဖြေကဏ္ဍ)

          နိုင်ငံအတွက် အလွန်အရေးကြီးသည့် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ လုပ်ဆောင်ချက်များကို ဦးဆောင်ကာ ဖြည့်ဆည်းပေးနေသော လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်ထံ ပြည်သူများ သိရှိလိုမည့် ပြောင်းလဲမှု၊ ဖော်ဆောင်မှုနှင့် အောင်မြင်မှု၊ စိန်ခေါ်မှုများအကြောင်းကို သိရှိနိုင်ရန် မေးမြန်း ဖော်ပြလိုက်ပါသည်။


Read More...
05-Apr-2019
နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် တတိယ (၁)နှစ်တာ (လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန)

တစ်ဉီးချင်းမှသည် ပြည်သူအားလုံး စွမ်းအင်ကိုအကျိုးရှိစွာ အသုံးပြုခြင်းဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုဆီသို့           လူတစ်ဉီးချင်း၏ကြည့်ရှု၍ နိုင်ငံတစ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုကို တိုင်းတာကြသည်။ ပြည့်စုံ ချမ်းသာသည့်နိုင်ငံမှ နိုင်ငံသားတစ်ဦးချင်းစီသည် လျှပ်စစ်ကိုပိုမိုသုံးစွဲကြပြီး နိုင်ငံမပြည့်စုံ၊ ချို့တဲ့ပါက လျှပ်စစ်ကိုသုံးစွဲမှု နည်းပါးမည်သာ။ မိမိတို့နိုင်ငံတွင်လည်း လျှပ်စစ်ကို ပြည်သူတိုင်း သုံးစွဲခွင့်ရရှိရန် စွမ်းအင်အမျိုးမျိုးကိုအခြေခံကာထုတ်လုပ်ပြီး လျှပ်စစ်စွမ်းအားလိုအပ်ချက်ကို ဖြည့်တင်းလျက်ရှိသည်။           မြန်မာနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံအဖြစ် ခြေလှမ်းမှန်မှန်လျှောက်လှမ်းချိန်တွင် လူတစ်ဦးချင်းစီ၏ လျှပ်စစ်ပိုမိုသုံးစွဲနိုင်ရေးသည် အရေးကြီးသည်။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က အစိုးရတာဝန်ယူဆောင်ရွက်နေသည့် တတိယ(၁)နှစ်တာ အတွင်း လူတစ်ဦးချင်းစီ၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုမှာ ကီလိုဝပ်နာရီ ၃၇၀ အထိ ရှိလာသည့် အတွက် ယခင်နှစ်ကထက် လူတစ်ဦးချင်း လျှပ်စစ်သုံးစွဲမှု ၁၀ ဒသမ ၇ ရာခိုင်နှုန်းအထိ အထိ မြင့်တက်လာခဲ့သည်ဟု အစိုးရ၏ တတိယ(၁)နှစ်တာ ဖြတ်သန်းမှုများအကြောင်းတွင် ထည့်သွင်း ပြောကြားသည်။


Read More...
04-Apr-2019

အခြားသတင်းများ

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၏ (၄.၅.၂၀၁၉) မှ (၁၀.၅.၂၀၁၉) ထိ မီတာရရှိ၊ထုတ်ပေး၊လက်ကျန်များစာရင်း (ရုံးချုပ်)

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၏ (၄.၅.၂၀၁၉) မှ (၁၀.၅.၂၀၁၉) ထိ မီတာရရှိ၊ထုတ်ပေး၊လက်ကျန်များစာရင်း (ရုံးချုပ်)

Read More...
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)

NEP ပထမဆင့်ပါကျေးရွာများအနက် ဧရာဝတီုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ဟင်္သာတခရိုင်၊မအူပင်ခရိုင်၊ မြောင်းမြခရိုင်နှင့်ဖျာပုံခရိုင်တို့အတွင်းရှိကျေးရွာ (၁၀၈)ရွာအတွက် တိုင်ကျင်းတူးခြင်း၊တိုင်ထူခြင်း၊ကွန်ကရစ် Footing လောင်းခြင်းလုပ်ငန်းတို့ဆောင်ရွက်ပြီးစီးခြင်း

အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း NEP ပထမဆင့်ပါကျေးရွာများအနက် C1-W8/18 ဧရာဝတီုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ဟင်္သာတခရိုင်၊မအူပင်ခရိုင်၊ မြောင်းမြခရိုင်နှင့်ဖျာပုံခရိုင်တို့အတွင်းရှိကျေးရွာ (၄၉၁)ရွာအတွက် တင်ဒါအောင်မြင်ခဲ့သည့် Zeya & Associes Co.,Ltd မှ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိပြီး (၂၁.၅.၂၀၁၉)ရက်နေ့အထိ ကျေးရွာ (၁၀၈)ရွာအတွက် တိုင်ကျင်းတူးခြင်း (၂၃၃၂)တိုင်၊တိုင်ထူခြင်း(၁၁၈၄)တိုင်၊ကွန်ကရစ် Footing လောင်းခြင်း (၄၀)တိုင်တို့ ပြီးစီးနေ ပြီဖြစ်ပါကြောင်း သတင်းရရှိပါသည်။

Read More...

NEP ပထမဆင့်ပါကျေးရွာများအနက်ပဲခူးတိုင်းဒေသကြီး(အနောက်)၊ပြည်ခရိုင်အတွင်းရှိကျေးရွာ ကျေးရွာ (၂၆)ရွာအတွက် တိုင်ကျင်းတူးခြင်း ၊ တိုင်ထူခြင်းနှင့် ကွန်ကရစ် Footing လောင်းခြင်းလုပ်ငန်းတို့ဆောင်ရွက်ပြီးစီးခြင်း

အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း NEP ပထမဆင့်ပါကျေးရွာများအနက် C1-W3/18 ပဲခူးတိုင်းဒေသကြီး(အနောက်)၊ပြည်ခရိုင်အတွင်းရှိကျေးရွာ (၆၈)ရွာအတွက် တင်ဒါအောင်မြင်ခဲ့သည့် JV of CNOOD Asia Ltd. & Danayazar Construction Co.,Ltd မှ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိပြီး (၂၀.၅.၂၀၁၉)ရက်နေ့အထိ ကျေးရွာ (၂၆)ရွာအတွက် တိုင်ကျင်းတူးခြင်း (၈၀၉)တိုင်၊တိုင်ထူခြင်း(၄၅၆)တိုင်၊ကွန်ကရစ် Footing လောင်းခြင်း (၃၈၀)တိုင်တို့ ပြီးစီးနေ ပြီဖြစ်ပါကြောင်း သတင်းရရှိပါသည်။

Read More...

NEP ပထမဆင့်ပါကျေးရွာများအနက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊တောင်ကြီးခရိုင်အတွင်းရှိကျေးရွာ (၁၄)ရွာအတွက် တိုင်ကျင်းတူးခြင်း၊တိုင်ထူခြင်; တို့ ပြီးစီးဆောင်ရွက်ခြင်;

အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း NEP ပထမဆင့်ပါကျေးရွာများအနက် C1-W4/18 ရှမ်းပြည်နယ်(တောင်ပိုင်း)၊တောင်ကြီးခရိုင်အတွင်းရှိကျေးရွာ (၃၈)ရွာအတွက် တင်ဒါအောင်မြင်ခဲ့သည့် Shan Cherry Taung Tan Co.,Ltd မှ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိပြီး (၁၆.၅.၂၀၁၉)ရက်နေ့အထိ ကျေးရွာ (၁၄)ရွာအတွက် တိုင်ကျင်းတူးခြင်း (၄၅၁)တိုင် ၊တိုင်ထူခြင်း(၈၁)တိုင်တို့ ပြီးစီးနေ ပြီဖြစ်ပါကြောင်း သတင်းရရှိပါသည်။

Read More...

NEP ပထမဆင့်ပါကျေးရွာများအနက် ပဲခူးတိုင်းဒသကြီး(အရှေ့)၊ပဲခူးအခရိုင်အတွင်းရှိကျေးရွာ(၂၁)ရွာအတွက် တိုင်ကျင်းတူးခြင်း ၊ တိုင်ထူခြင်;တို့ ပြီးစီးဆောင်ရွက်ခြင်;

အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း NEP ပထမဆင့်ပါကျေးရွာများအနက် C1-W6/18 ပဲခူးတိုင်းဒသကြီး(အရှေ့)၊ပဲခူးအခရိုင်အတွင်းရှိကျေးရွာ (၆၉)ရွာအတွက် တင်ဒါအောင်မြင်ခဲ့သည့် Soe Moe Than Co.,Ltd မှ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိပြီး (၁၆.၅.၂၀၁၉)ရက်နေ့အထိ ကျေးရွာ (၂၁)ရွာအတွက် တိုင်ကျင်းတူးခြင်း (၁၀၀၆)တိုင် ၊ တိုင်ထူခြင်း(၂၂၉)တိုင်တို့ ပြီးစီးနေ ပြီဖြစ်ပါကြောင်း သတင်းရရှိပါသည်။

Read More...