The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :
    (၁၉-၁၁-၂၀၁၈) ရက်နေ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု အမြင့်ဆုံးမှာ (၃၅၃၂.၅) မဂ္ဂါဝပ်ဖြစ်ပြီး တစ်ရက်စုစုပေါင်းထုတ်လုပ်ခဲ့သည့် ယူနစ်မှာ (၆၄၈၅၆.၄) မဂ္ဂါဝပ်နာရီဖြစ်ပါသည်။         လျှပ်စစ်နှင့်စွမ်းအင်၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဦး၀င်းခိုင် ၂၃၀ ကေဗွီ ပင်မဓာတ်အားခွဲရုံ(ကန်ကြီးထောင့်)၊ အမှတ်(၅)ဓာတ်မြေသြဇာစက်ရုံ(ကန်ကြီးထောင့်)နှင့် အမှတ်(၂)ရေနံဓာတ်ငွေ့ရည် စက်ရုံ(ညောင်တုန်း)တို့အား သွားရောက်စစ်ဆေး         ၂၃၀ကေဗွီ လှိုင်သာယာ-ကျိုက်လတ် ဓာတ်အားလိုင်း (၅၂.၂၆) မိုင်နှင့် ၂၃၀/၆၆/၁၁ ကေဗွီ၊ (၁၀၀) အမ်ဗွီအေ ကျိုက်လတ်ဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ် း    

သတင်းစာရှင်းလင်းချက်


သတင်းထုတ်ပြန်ချက် (၁၀/၂၀၁၈)
  သတင်းထုတ်ပြန်ခြင်း (၁၀/၂၀၁၈) အခမ်းအနားကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ နေပြည်တော်၌ ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနား၌ ၆၆ကေဗွီ ရသေ့တောင် - ဘူးသီးတောင် ဓာတ်အားလိုင်း(၃၃)မိုင်၊ ၆၆/၁၁ကေဗွီ (၅) အမ်ဗွီအေ ဘူးသီးတောင် ဓာတ်အားခွဲရုံ တည်ဆောက်ခြင်းလုပ်ငန်းအခြေအနေ၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းနှင့် Powergen Kyaukse Company Limited တို့အကြား လျှပ်စစ်ဓာတ်အားဝယ်ယူရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပသည့်သတင်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းနှင့် VPower Holdings Limited တို့အကြား လျှပ်စစ် ဓာတ်အားဝယ်ယူရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပသည့်သတင်း၊ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင် မြို့တွင် (၂၄)နာရီ ဓာတ်အားစတင်ဖြန့်ဖြူး ပေးနိုင်မှု အခြေအနေ၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း မှ ဓာတ်အားပြတ်တောက်မှုလျော့နည်း စေရန်နှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အတွက် ရန်ကုန်အနောက်ပိုင်းခရိုင်အတွင်းရှိ မြို့နယ်များတွင် (၆.၆)ကေဗွီ ဓာတ်အားလိုင်းများ လဲလှယ်ခြင်းလုပ်ငန်းများ အခြေအနေ၊ သန်လျင် (၂) CNG (၀၃၁)ဆိုင်သို့ ဆက်သွယ်ထားသော ၄လက်မ ပိုက်လိုင်းဓာတ်ငွေ့ ယိုစိမ့်ရာမှ မီးလောင်ခြင်းဖြစ်ပွားခဲ့မှုအား ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့မှုအခြေအနေ၊ ပိုမိုစနစ်ကျသည့် စက်သုံးဆီအရောင်းဆိုင်များပေါ်ထွန်းလာရေး ဆောင်ရွက်နေမှု အခြေအနေ၊ ကုန်းတွင်းပိုင်းလုပ်ကွက်အမှတ် IOR-7 တွင် ရှာဖွေရေးတွင်းအမှတ် စိန်စည်တော်-၁ စတင်တူးဖော်ခြင်းအခြေအနေအခြေအနေများနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်ခဲ့ ပါသည်။


Read More...

: 08-Nov-2018
သတင်းထုတ်ပြန်ချက် (၉/၂၀၁၈)
သတင်းထုတ်ပြန်ခြင်း(၉/၂၀၁၈)အခမ်းအနားကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ နေပြည်တော်၌ ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနား၌ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလအတွင်း ဓာတ်အားခွဲရုံများတွင် ထရန်စဖော်မာများ အင်အားတိုးမြှင့်ခြင်း ဆောင်ရွက် ပြီးစီးမှုအခြေအနေ၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရေး၊ ဗို့အားပြည့်မီစွာဖြန့်ဖြူးပေးနိုင်ရေးအတွက်


Read More...

: 11-Oct-2018
သတင်းထုတ်ပြန်ချက် (၈/၂၀၁၈)
သတင်းထုတ်ပြန်ခြင်း(၈/၂၀၁၈)အခမ်းအနားကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ နေပြည်တော်၌ ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနား၌ ၂၃၀ကေဗွီ မန်စံ ဓာတ်အားခွဲရုံတွင် တိုးချဲ့တပ်ဆင်သည့် 230/66/11kV, 100MVA Transformer မှ ဓာတ်အား ပို့လွှတ်ထားရှိမှုအခြေအနေ၊ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာနမှ တာဝန်ယူ ထိန်းသိမ်းလျက်ရှိသော ရေလှောင်တမံ များ၏ကြံ့ခိုင်မှုအတွက်ဆောင်ရွက်ထားမှုအခြေအနေ၊ တီကျစ် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံအကြောင်းသိကောင်းစရာ၊ ပဲခူးတိုင်းဒေသကြီး(အရှေ့)၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်ရှိ ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲကျိုးပဲ့မှုကြောင့် ပျက်ဆီး ဆုံးရှံးမှုနှင့် ဓာတ်အားပြန်လည်ရရှိရေးဆောင်ရွက်ထားရှိမှု အခြေအနေ၊ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ပေါ်နှင့် အနီးအနားကျေးရွာ များအား


Read More...

: 12-Sep-2018
သတင်းထုတ်ပြန်ချက် (၇/၂၀၁၈)
သတင်းထုတ်ပြန်ခြင်း(၇/၂၀၁၈)အခမ်းအနားကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ နေပြည်တော်၌ ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနား၌ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာနမှ အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်း၏ စီမံကိန်းပတ်ဝန်းကျင် ကျေးရွာ(၄)ရွာတို့အား စီမံကိန်းမှတဆင့် လျှပ်စစ်ဓာတ်အားပို့လွှတ်ဖြန့်ဖြူးနေသည့် အခြေအနေ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များအတွင်း ဓာတ်အားခွဲရုံများတွင် ထရန်စဖော်မာများ အင်အားတိုးမြှင့် ဆောင်ရွက်ပေးနေမှုအခြေအနေ၊ လူမှုကွန်ယက်စာမျက်နှာတွင်ဖော်ပြပါရှိနေသည့် ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းအနီး သံဇစ်မြစ်ရေနောက်ကျိအရောင်ပြောင်းနေသည့်ကိစ္စ  ရှင်းလင်းတင်ပြမှုအခြေအနေ၊


Read More...

: 10-Aug-2018
သတင်းထုတ်ပြန်ချက် (၆/၂၀၁၈)
သတင်းထုတ်ပြန်ခြင်း(၆/၂၀၁၈)အခမ်းအနားကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ နေပြည်တော်၌ ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနား၌ ကုန်းပိုင်းနှင့်ကမ်းလွန် လစ်လပ်လုပ်ကွက်များတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်ခြင်းလုပ်ငန်းများကို နိုင်ငံခြားရေနံကုမ္ပဏီများနှင့် ရင်းနှီးမြှုပ်နှံပူးပေါင်းပါဝင်ဆောင်ရွက်ရန်အတွက်စိတ်ဝင်စားသည့် မြန်မာနိုင်ငံသားပိုင်ကုမ္ပဏီများအား မှတ်ပုံတင်နိုင်ရန် အသိပေးကြေညာခြင်း၊ ၆၆ကေဗွီ ကျောက်ဖြူ-မဒဲ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံတည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီး၍ မဒဲကျွန်းသို့ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးထားမှုအခြေအနေ၊


Read More...

: 12-Jul-2018