The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

ရန်ကုန်တိုင်းဒေသကြီး


ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်ရွက်ဆဲစီမံကိန်းများ၏ ဆောင်ရွက်ပြီးစီးမှု အခြေအနေ

သာကေတဓာတ်အားပေးစက်(၃)လုံးအဆင့်မြှင့်တင်ပြုပြင်ခြင်းလုပ်ငန်း (နိုင်ငံပိုင်)

စီမံကိန်းတည်နေရာ -

ရန်ကုန်တိုင်းဒေသကြီး၊သာကေတဓာတ်အားပေးစက်ရုံဝန်းအတွင်း

 

ဆောင်ရွက်မည့်အဖွဲ့အစည်း -

Marubeni Power Systems Corporation

 

စီမံကိန်းဆောင်ရွက်မှုပုံစံ       -

နိုင်ငံပိုင်

 

ဂျပန်နိုင်ငံ JICA ချေးငွေအမှတ် MY-P2 အောက်မှ ကျခံဆောင်ရွက် သည့် သာကေတဓာတ်အားပေးစက်ရုံရှိ သဘာဝဓာတ်ငွေ့သုံးဓာတ် အားပေးစက် (၃)လုံး အဆင့်မြှင့်တင်ပြုပြင်ခြင်းလုပ်ငန်းအတွက် Marubeni Power Systems Corporation နှင့် (၃၁.၁၀.၂၀၁၇) ရက်နေ့တွင် လုပ်ငန်းအပ်နှံမှုစာချုပ်အား လက်မှတ်ရေးထိုးချုပ်ဆိုခဲ့ ပါသည်။

 

စက်အမျိုးအစား -

သဘာဝဓာတ်ငွေ့သုံးတာဘိုင်စက် (Frame 5, Mark- II)

 

တပ်ဆင်အင်အား -

ဓာတ်ငွေ့တာဘိုင်စက် ( ၃လုံး × ၁၉မဂ္ဂါဝပ် )

 

ပြပြင်ပြီးထုတ်လုပ်ဓာတ်အား -

၂၁.၈မဂ္ဂါဝပ် × ၃ လုံး

 

သဘာဝဓာတ်ငွေ့သုံးစွဲမှု -

၂၇ကုဗပေသန်း

 

စီမံကိန်းအကြံပေးအဖွဲ့များ -

နည်းပညာဆိုင်ရာအကြံပေးအဖွဲ့- Tokyo Electric Power ServicesCo.,Ltd& Oriental Consultants Co.,Ltd

 

လက်ရှိအခြေအနေ -

ဓာတ်အားပေးစက်များအား ပြုပြင်ခြင်းလုပ်ငန်းနှင့် ပြည်ပမှ ပစ္စည်း တင်ပို့ခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိပါသည်။

 

 

အလုံ၊ လှော်ကား၊ ရွာမနှင့်သာကေတဓာတ်အားခွဲရုံများအဆင့်မြှင့်တင် ပြုပြင်ခြင်းလုပ်ငန်း

စီမံကိန်းတည်နေရာ -

ရန်ကုန်တိုင်းဒေသကြီး

 

ဆောင်ရွက်မည့်အဖွဲ့အစည်း -

Mitsubishi Corporation

 

စီမံကိန်းဆောင်ရွက်မှုပုံစံ       -

ဂျပန်နိုင်ငံ JICA ချေးငွေအမှတ် MY-P2 အောက်မှကျခံဆောင်ရွက် သည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဓာတ်အားခွဲရုံများ (အလုံ၊ လှော်ကား၊ ရွာမ၊ သာကေတ) အဆင့်မြင့်တင်ပြုပြင်ခြင်းလုပ်ငန်း အတွက် Mitsubishi Corporation နှင့် (၂၉.၅.၂၀၁၈) ရက်နေ့တွင် လုပ်ငန်းအပ်နှံမှုစာချုပ်အား လက်မှတ်ရေးထိုးချုပ်ဆိုခဲ့ပါသည်။

 

စီမံကိန်းအကြံပေးအဖွဲ့များ -

နည်းပညာဆိုင်ရာအကြံပေးအဖွဲ့- Tokyo Electric Power Services Co.,Ltd& Oriental Consultants Co.,Ltd

 

လက်ရှိအခြေအနေ -

ဓာတ်အားခွဲရုံများ အဆင့်မြှင့်တင်ပြုပြင်နိုင်ရေးအတွက် Design Review လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

 

 

လှော်ကားဓာတ်အားပေးစက်ရုံရှိဓာတ်အားပေးစက်များအားပြုပြင်ခြင်းလုပ်ငန်း

စီမံကိန်းတည်နေရာ -

ရန်ကုန်တိုင်းဒေသကြီး၊ လှော်ဓာတ်အားပေးစက်ရုံဝန်းအတွင်း

 

ဆောင်ရွက်မည့်အဖွဲ့အစည်း -

Golden Green Energy Co.,Ltd (GGE)

 

စီမံကိန်းဆောင်ရွက်မှုပုံစံ       -

ပုဂ္ဂလိကပိုင်

 

လှော်ကားဓာတ်အားပေးစက်များအားစက်စွမ်းအားပြည့်မောင်းနှင် ဓာတ်အားထုတ်လုပ်နိုင်ရေး Rehabilitation, Operation, Maintenance and Management (ROMM) စနစ်ဖြင့် ပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းဆောင်ရွက်ရန်အတွက် Golden Green Energy Co.,Ltd (GGE)ဖြင့် (၃၀.၁၁.၁၈) ရက်နေ့တွင် လက်မှတ်ရေးထိုးချုပ်ဆို ခဲ့ပါသည်။

 

စက်အမျိုးအစား -

သဘာဝဓာတ်ငွေ့သုံးတာဘိုင်စက် (Frame 6, Mark- V)

ရေနွေးငွေ့သုံးတာဘိုင်စက် (V63, CS-3000)

 

လက်ရှိထုတ်လုပ်ဓာတ်အား -

၇၀ မဂ္ဂါဝပ်ခန့်

 

ပြပြင်ပြီးထုတ်လုပ်ဓာတ်အား -

၈၄ မဂ္ဂါဝပ်ခန့်

 

သဘာဝဓာတ်ငွေ့သုံးစွဲမှု -

၂၆ကုဗပေသန်း

 

လက်ရှိအခြေအနေ -

ဓာတ်အားပေးစက်များအား ပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်လျက် ရှိပါသည်။