The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :
    (၁၉-၁၁-၂၀၁၈) ရက်နေ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု အမြင့်ဆုံးမှာ (၃၅၃၂.၅) မဂ္ဂါဝပ်ဖြစ်ပြီး တစ်ရက်စုစုပေါင်းထုတ်လုပ်ခဲ့သည့် ယူနစ်မှာ (၆၄၈၅၆.၄) မဂ္ဂါဝပ်နာရီဖြစ်ပါသည်။         လျှပ်စစ်နှင့်စွမ်းအင်၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဦး၀င်းခိုင် ၂၃၀ ကေဗွီ ပင်မဓာတ်အားခွဲရုံ(ကန်ကြီးထောင့်)၊ အမှတ်(၅)ဓာတ်မြေသြဇာစက်ရုံ(ကန်ကြီးထောင့်)နှင့် အမှတ်(၂)ရေနံဓာတ်ငွေ့ရည် စက်ရုံ(ညောင်တုန်း)တို့အား သွားရောက်စစ်ဆေး         ၂၃၀ကေဗွီ လှိုင်သာယာ-ကျိုက်လတ် ဓာတ်အားလိုင်း (၅၂.၂၆) မိုင်နှင့် ၂၃၀/၆၆/၁၁ ကေဗွီ၊ (၁၀၀) အမ်ဗွီအေ ကျိုက်လတ်ဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ် း    

မကွေးတိုင်းဒေသကြီး


မကွေးတိုင်းဒေသကြီးအတွင်းဆောင်ရွက်ဆဲ

မင်းဘူးနေရောင်ခြည်စွမ်းအင်သုံးစီမံကိန်း (170 MW AC) ၏ဆောင်ရွက်ပြီးစီးမှု

အခြေအနေ

  • (၂၃၀) ကေဗွီ မန်း- အမ်း ဓာတ်အားလိုင်းသို့ ချိတ်ဆက်ပို့လွှတ်မည့် မင်းဘူးစက်ရုံမှ (၂၃၀) ကေဗွီ ဓာတ်အားလိုင်း (၁.၃) မိုင် တည်ဆောက်ခြင်း လုပ်ငန်းပြီးစီး၍ (၁၂.၁၂. ၂၀၁၇) ရက်နေ့တွင် ဌာနသို့ လွှဲပြောင်းခဲ့ပြီး ဖြစ်ပါသည်။
  • ပထမအဆင့် (၄၀) မဂ္ဂါဝပ် စီမံကိန်းအတွက် မြေနေရာရှင်းလင်းခြင်း လုပ်ငန်း ဆောင်ရွက်ပြီးဖြစ်ပါသည်။
  • Construction Power ရယူရန်အတွက် 11 kV ဓာတ်အားလိုင်း (၁၅.၅) မိုင်နှင့် (၄၀၀) ဗို့လိုင်း (၃) မိုင် တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်ပြီးဖြစ်ပါသည်။
  • Tube Well (၄) ခု တူးဖော်ခြင်း လုပ်ငန်းဆောင်ရွက်ပြီး ဖြစ်ပါသည်။
  • Water Ground Tank နှင့် Pump House များ တည်ဆောက်ခြင်း လုပ်ငန်း ဆောင်ရွက်ပြီး ဖြစ်ပါသည်။
  • Substation Switchyard တည်ဆောက်ရန်အတွက် မြေသားလုပ်ငန်း ဆောင်ရွက်ပြီး ဖြစ်ပါသည်။
  • MIC Permit (၁၂.၄.၂၀၁၇) ရက်နေ့တွင် ရရှိပြီးဖြစ်ပါသည်။
  • စီမံကိန်းမြေဧက (၇၀၀) အတွက် (၈.၅.၂၀၁၇) ရက်နေ့တွင် မြေငှားရမ်းစာချုပ် (Land Lease Agreement) ချုပ်ဆိုပြီး ဖြစ်ပါသည်။
  • စီမံကိန်းပထမအဆင့် (၄၀) မဂ္ဂါဝပ် တည်ဆောက်ရန်အတွက် အသုံးပြုမည့် Solar Panels (၁၀၀%) အား စီမံကိန်းတွင် နေရာချထားပြီး ဖြစ်ပါသည်။
  • ESIA အဆုံးသတ် အစီရင်ခံစာအား သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဌာနသို့ (၃.၃.၂၀၁၇) ရက်တွင် ထပ်မံတင်ပြခဲ့ပြီး ဖြစ်ပါသည်။
  • စီမံကိန်းမြေ (၁၃၆) ဧက အတွက် သစ်တောဦးစီးဌာနနှင့် စာချုပ်ချုပ်နိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိပါသည်။