The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :
    (၁၉-၁၁-၂၀၁၈) ရက်နေ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု အမြင့်ဆုံးမှာ (၃၅၃၂.၅) မဂ္ဂါဝပ်ဖြစ်ပြီး တစ်ရက်စုစုပေါင်းထုတ်လုပ်ခဲ့သည့် ယူနစ်မှာ (၆၄၈၅၆.၄) မဂ္ဂါဝပ်နာရီဖြစ်ပါသည်။         လျှပ်စစ်နှင့်စွမ်းအင်၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဦး၀င်းခိုင် ၂၃၀ ကေဗွီ ပင်မဓာတ်အားခွဲရုံ(ကန်ကြီးထောင့်)၊ အမှတ်(၅)ဓာတ်မြေသြဇာစက်ရုံ(ကန်ကြီးထောင့်)နှင့် အမှတ်(၂)ရေနံဓာတ်ငွေ့ရည် စက်ရုံ(ညောင်တုန်း)တို့အား သွားရောက်စစ်ဆေး         ၂၃၀ကေဗွီ လှိုင်သာယာ-ကျိုက်လတ် ဓာတ်အားလိုင်း (၅၂.၂၆) မိုင်နှင့် ၂၃၀/၆၆/၁၁ ကေဗွီ၊ (၁၀၀) အမ်ဗွီအေ ကျိုက်လတ်ဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ် း    

MPPE သမိုင်း


လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း

နောက်ခံသမိုင်း

၁။      ကိုလိုနီခေတ်အတွင်းနှင့် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးသည်မှ ၁၉၆၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ရေနံထုတ်လုပ်ခြင်း၊ ချက်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်းလုပ်ငန်းအားလုံးကို ဘီအိုစီကုမ္ပဏီမှ ပိုင်ဆိုင်ပြီးလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။ ၁၉၆၃ ခုနှစ် ၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် နိုင်ငံတော် အစိုးရမှပြည်သူပိုင်သိမ်းယူခဲ့ပြီး သတ္တုတွင်းဝန်ကြီးဌာန၏ကြီးကြပ်မှုအောက်ရှိ အဖွဲ့အစည်းတစ်ခု အဖြစ်သိမ်းသွင်းခဲ့ပါသည်။

၂။      အဆင့်ဆင့်ပြောင်းလဲဖွဲ့စည်းမှုမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

        (က)    ၁၉၆၃ ခုနှစ်         သတ္တုတွင်းဝန်ကြီးဌာန - ပြည်သူ့ရေနံလုပ်ငန်း

        (ခ)     ၁၉၇၀ ခုနှစ်         သတ္တုတွင်းဝန်ကြီးဌာန - မြန်မာ့ရေနံကော်ပိုရေးရှင်း

        (ဂ)     ၁၉၇၅ ခုနှစ်         အမှတ်(၂)စက်မှုဝန်ကြီးဌာန၏ကြီးကြပ်မှုအောက်တွင် ၁-၄-၁၉၇၅ ၌ မြန်မာ့ရေနံကော်ပိုရေးရှင်း ၊ ရေနံဓါတုဗေဒလုပ်ငန်းကော်ပိုရေး   ရေးရှင်းနှင့်ရေနံထွက်ပစ္စည်းဖြန့်ဖြူးရောင်းချရေးကော်ပိုရေးရှင်း  ဟူ၍အဖွဲ့အစည်း(၃)ခုအဖြစ် ပြုပြင်ဖွဲ့စည်းခဲ့ပါသည်။

       (ဃ)    ၁၉၈၅ ခုနှစ်         အထက်ဖော်ပြပါ လုပ်ငန်းအဖွဲ့အစည်း (၃) ခုစလုံးကို စွမ်းအင်ဝန်ကြီးဌာနအဖြစ် သီးခြားဝန်ကြီးဌာန ဖွဲ့စည်းခဲ့ပါသည်။

       (င)      ၁၉၈၉ ခုနှစ်         မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း (Myanma Petroleum Products Enterprise) ဟု ၁-၄-၁၉၈၉ ၌ အမည် ပြောင်းခဲ့ပါသည်။                   

၃။      မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းသည် မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းမှ ချက်လုပ်တင်သွင်းသည့် စက်သုံးဆီများကို နိုင်ငံပိုင်ကဏ္ဍသို့ ဖြန့်ဖြူးရောင်းချပေးသောလုပ်ငန်း တစ်ခုဖြစ်ပါသည်။ ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ နိုင်ငံတော်၏စီးပွားရေးတွင် ပုဂ္ဂလိကပါဝင်မှုကို အားပေးမြှင့်တင်ရန် နိုင်ငံတစ်ဝှမ်းရှိ နိုင်ငံပိုင်စက်သုံးဆီအရောင်းဆိုင်(၂၇၃)ဆိုင်အနက် (၂၆၁)ဆိုင်ကို ပုဂ္ဂလိကသို့အပြီးအပိုင်လွှဲပြောင်းရောင်းချပေးအပ်ခဲ့ပြီး ၂၀၁၀ ခုနှစ်၊ ဇွန်လမှ စ၍ ပုဂ္ဂလိကစက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းအား လွတ်လပ်စွာလုပ်ကိုင်ဆောင်ရွက်ခွင့်ပြုခဲ့သဖြင့် မြန်မာ့ ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းသည် နိုင်ငံပိုင်ကဏ္ဍသို့စက်သုံးဆီဖြန့်ဖြူးခြင်းလုပ်ငန်းကို အဓိကဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။

လုပ်ငန်းအကြောင်းအရာ

၄။      မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းသည် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် နိုင်ငံအတွင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများကို ဆောင်ရွက်နေသည့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပါသည်။

ရည်မှန်းချက်

၅။      (က)    မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းသည် ပုဂ္ဂလိကစက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ မူဝါဒ၊ လမ်းညွှန်ချက်များနှင့်အညီ ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်သွားပါမည်။

          (ခ)     မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းသည် စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းကို ဥပဒေနှင့်အညီ စီးပွားရေးဆန်ဆန်ဖြင့် နိုင်ငံတကာ အဆင့် ဆောင်ရွက်သွားနိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုခိုင်မာပြီး လုပ်ငန်း အတွေ့အကြုံရင့်ကျက်သည့် ပြည်ပကုမ္ပဏီတစ်ခုနှင့် အကျိုးတူဖက်စပ်ဆောင်ရွက် သွားပါမည်။

          (ဂ)     အကျိုးတူဖက်စပ်ကုမ္ပဏီများအား သင့်တော်သည့်အချိန်ကာလတစ်ခုတွင် Public Private Partnarship (PPP) ကုမ္ပဏီအဖြစ်သို့ ပြောင်းလဲဆောင်ရွက်သွားပါမည်။

လုပ်ငန်းတာဝန်များ

၇။     ဤလုပ်ငန်း ရုံးချုပ်တွင် ဦးဆောင်ညွှန်ကြားရေးမှူး၏လက်အောက်၌ စီမံရေးဌာန၊ ဖြန့်ဖြူး ရောင်းချရေးဌာန၊ ဘဏ္ဍာရေးဌာနနှင့် အထွေထွေစီမံခန့်ခွဲရေးဌာနဟူ၍ ဌာနကြီး(၄)ခုရှိပြီး လုပ်ငန်း ရုံးချုပ်လက်အောက်ခံဒေသအသီးသီးရှိ ပင်မရေနံသိုလှောင်ဖြန့်ဖြူးရေးဌာနကြီး(၄)ခု၊ သိုလှောင် ဖြန့်ဖြူးရေးဌာနခွဲ(၁၉)ခု၊ သိုလှောင်ဖြန့်ဖြူးရေးစခန်း(၅)ခု၊ လေယာဉ်ဆီဌာနခွဲ/ဌာနစိတ်(၁၁)ခု၊ တိုင်းရောင်းဝယ်ရေးအရာရှိရုံး(၁၄)ရုံးနှင့် နိုင်ငံပိုင်စက်သုံးဆီအရောင်းဆိုင်(၁၂)ဆိုင်ဖြင့် နိုင်ငံပိုင် ကဏ္ဍသို့ စက်သုံးဆီဖြန့်ဖြူးခြင်းလုပ်ငန်းကို အဓိကတာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။

၈။      လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ကိုယ်စား ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင်လိုင်စင်၊ သိုလှောင်ကန်စခန်းလိုင်စင်၊ ရေယာဉ်များအားစက်သုံးဆီတိုက်ရိုက်ဖြန့်ဖြူးရောင်းချခွင့်လိုင်စင်နှင့် လေယာဉ်ဆီဖြန့်ဖြူးရောင်းချခွင့်လိုင်စင်တို့ကို စိစစ်ခွင့်ပြုထုတ်ပေးပါသည်။

၉။      လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်းများတင်သွင်းသိုလှောင်သယ်ယူချက်လုပ် ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများထိန်းသိမ်းကြီးကြပ်ရေးကော်မတီ၏ကြီးကြပ်မှုဖြင့် ပုဂ္ဂလိက စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် စက်သုံးဆီအရည်အသွေး အခြင်အတွယ်မှန်ကန်မှုရှိစေရေးနှင့် စက်သုံးဆီဈေးနှုန်းတည်ငြိမ်ရေးတို့ကို ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်လျက်ရှိပါသည်။

၁၀။    National Energy Puma Aviation Services Co.,Ltd. (NEPAS) ဖက်စပ်ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်မှုများကို ထိထိရောက်ရောက်စိစစ်ကြီးကြပ်နိုင်ရန်နှင့် နိုင်ငံတော်၏အကျိုးကို အမှန်တကယ်ဖြစ်ထွန်းစေရန်ဆောင်ရွက်ခြင်းရှိ/မရှိ စိစစ်ကြပ်မတ်ဆောင်ရွက်ရန်အတွက် လျှပ်စစ်နှင စွမ်းအင်ဝန်ကြီးဌာန၊ “လေယာဉ်ဆီဖက်စပ်လုပ်ငန်းကြီးကြပ်မှုကော်မတီ”ကို   အဖွဲ့ဝင်(၈)ဦးဖြင့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါသည်။

၁၁။    National Energy Puma Aviation Services Co.,Ltd. (NEPAS) ဖက်စပ်ကုမ္ပဏီ အနေဖြင့် လေယာဉ်ဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းကို ဆောင်ရွက်ရာတွင် လေယာဉ်ဆီရောင်းဈေးနှုန်းလျှော့ချနိုင်ရေးဆောင်ရွက်မည့် ရေတိုရေရှည်အစီအမံများအား ပွင့်လင်း မြင်သာစွာ ဆွေးနွေးညှိနှိုင်းဆောင်ရွက်နိုင်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ “လေယာဉ်ဆီ လုပ်ငန်းပေါင်းစပ်ညှိနှိုင်းရေးကော်မတီ”ကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပြည်တွင်းပြည်ပ လေကြောင်းလိုင်းများမှ ကိုယ်စားလှယ်များပါဝင်သောအဖွဲ့ဝင်(၁၂)ဦးဖြင့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိ ပါသည်။

၁၂။    ပြည်ပမှ စက်ဆီချောဆီတင်သွင်းခွင့်နှင့်ပတ်သက်၍ Brand Name အသစ် တင်သွင်း ဖြန့်ဖြူးမည်ဆိုပါက စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းသို့ ဦးစွာ တင်ပြလျှောက်ထားခွင့်ပြုချက်ရယူရမည်ဖြစ်ပါသည်။ ၃၀-၁၁-၂၀၁၇ ရက်နေ့အထိ ကုမ္ပဏီ(၃၁၀)ခု တို့မှတင်သွင်းခွင့်လျှောက်ထားလာသည့်စက်ဆီချောဆီ Brand Name အသစ် (၃၅၉)ခုကို ခွင့်ပြုပေး ထားပြီးဖြစ်ပါသည်။

ဆောင်ရွက်ချက်များ

၁၁။    မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်​ရေးလုပ်ငန်းသည် မြန်မာ့ရေနံဓါတုဗေဒလုပ်ငန်းမှ ထုတ်လုပ်သည့်စက်သုံးဆီများနှင့် ပြည်ပမှဝယ်ယူတင်သွင်းသည့်စက်သုံးဆီများကို  နိုင်ငံပိုင်နှင့် ပုဂ္ဂလိကကဏ္ဍသို့ လုံလောက်စွာဖြန့်ဖြူးရောင်းချပေးလျက်ရှိပါသည်။

၁၂။    စွမ်းအင်ဝန်ကြီးဌာန ရေနံထွက်ပစ္စည်းများတင်သွင်းသိုလှောင်သယ်ယူချက်လုပ်ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်းများထိန်းသိမ်းကြီးကြပ်ရေးကော်မတီ၏လမ်းညွှန်မှုဖြင့် ပြည်နယ်နှင့်တိုင်း ဒေသကြီးများရှိ ရေနံထွက်ပစ္စည်းများတင်သွင်းသိုလှောင်သယ်ယူချက်လုပ်ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းများထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီများမှလည်းကောင်း၊ ဤလုပ်ငန်းမှ Mobile Fuel Lab ယာဉ်များဖြင့်လည်းကောင်း၊ ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင်/သိုလှောင်ကန်စခန်းများမှ ဖြန့်ဖြူးရောင်းချနေသည့်စက်သုံးဆီများကို ရှောင်တခင်ဝင်ရောက်စစ်ဆေးပြီး စက်သုံးဆီအရည်အသွေး နှင့်အခြင်အတွယ်မှန်ကန်မှုရှိစေရေး ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်လျက်ရှိရာ ၂၀၁၂-၂၀၁၃ ဘဏ္ဍာ ရေးနှစ်တွင် စက်သုံးဆီအရည်အသွေးနှင့် အခြင်အတွယ်သတ်မှတ်စံချိန်စံညွှန်းကိုက်ညီမှန်ကန်မှုမရှိ ကြောင်းစစ်ဆေးတွေ့ရှိခဲ့သည့်အရောင်းဆိုင်(၁၇)ဆိုင်၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် အရောင်းဆိုင် (၃၂)ဆိုင်၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် စက်သုံးဆီအရည်အသွေးပြည့်မီမှန်ကန်မှုမရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သည့်အရောင်းဆိုင်(၂)ဆိုင်၊ အခြင်အတွယ်ကိုက်ညီမှန်ကန်မှုမရှိကြောင်း စစ်ဆေး တွေ့ရှိခဲ့သည့်အရောင်းဆိုင်(၈)ဆိုင်၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် စက်သုံးဆီအရည်အသွေး ပြည့်မီမှန်ကန်မှုမရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သည့်အရောင်းဆိုင်(၆)ဆိုင်၊ စုစုပေါင်းအရောင်းဆိုင် (၆၅)ဆိုင်အား စာဖြင့်သတိပေးခြင်း၊ ဖြန့်ဖြူးရောင်းချခွင့်လိုင်စင်(၁)လမှ (၃)လအထိပိတ်သိမ်းခြင်း တို့ဖြင့် အရေးယူဆောင်ရွက်ခဲ့ပါသည်။

၁၃။    စက်သုံးဆီဈေးနှုန်းတည်ငြိမ်ရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းဝင်ကုမ္ပဏီအဖွဲ့အစည်းများမှ ကိုယ်စားလှယ်(၁၁)ဦးနှင့် ဤလုပ်ငန်းမှအဆင့်မြင့် အရာထမ်းတစ်ဦးအား Observer အဖြစ် ပါဝင်ဖွဲ့စည်းထားသည့် စက်သုံးဆီဈေးနှုန်းထိန်းသိမ်းရေး အဖွဲ့ကိုဖွဲ့စည်းစေခဲ့ပြီး ပြောင်းလဲနေသော ကမ္ဘာ့ရေနံဈေးနှုန်း၊ စင်္ကာပူ Platts ဈေးနှုန်းနှင့် ငွေလဲလှယ်နှုန်းတို့အပေါ်မူတည်၍ ဖြစ်သင့်ဖြစ်ထိုက်သောဈေးနှုန်းများကို ထုတ်ပြန်ကြေညာပေးပြီး သင့်တင့်သည့်ဈေးနှုန်းဖြင့်ရောင်းချနိုင်ရေး ညှိနှိုင်းဆောင်ရွက်စေခဲ့ပါသည်။

၁၄။    ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ နိုင်ငံတော်၏စီးပွားရေးတွင် ပုဂ္ဂလိကပါဝင်မှုကိုအားပေး မြှင့်တင်ရန်အတွက် ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင်အသစ်များနှင့် စက်သုံးဆီသိုလှောင်ကန် စခန်းအသစ်များကိုလည်း တည်ဆောက်ဖွင့်လှစ်ခွင့်ပြုပေးခဲ့ရာ ၁၅-၁၂-၂၀၁၅ နေ့အထိ စုစုပေါင်း စက်သုံးဆီအရောင်းဆိုင်(၁၇၁၈)ဆိုင်နှင့် စက်သုံးဆီသိုလှောင်ကန်စခန်း(၆)ခုတို့သို့ စက်သုံးဆီ ဖြန့်ဖြူးရောင်းချခွင့်လိုင်စင် ကိုလည်းကောင်း၊  ပြည်တွင်းရေကြောင်းနှင့် ပြည်တွင်းကမ်းရိုးတန်းတွင် ရေယာဉ်များအားစက်သုံးဆီတိုက်ရိုက်ဖြန့်ဖြူးရောင်းချလိုသည့် ပုဂ္ဂလိကလုပ်ငန်းရှင်ကုမ္ပဏီ အဖွဲ့အစည်းများ၏ရေယာဉ်(၁၄)စီးသို့ ရေယာဉ်များအားစက်သုံးဆီတိုက်ရိုက် ဖြန့်ဖြူးရောင်းချခွင့် လိုင်စင်ကိုလည်းကောင်း၊ Pioneer Aerodrome Services Co., Ltd. သို့ နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လေယာဉ်ဆီဖြန့်ဖြူးရောင်းချခွင့်လိုင်စင် ကိုလည်းကောင်း စိစစ် ခွင့်ပြုထုတ်ပေးခဲ့ပါသည်။

စက်သုံးဆီအရောင်းဆိုင်အမှတ်(၀၃၅၄)

၁၅။    ထို့အပြင် မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း၏ ဓာတ်ဆီ၊ ဒီဇယ်ဆီဖြန့်ဖြူးရောင်းချ ခြင်းလုပ်ငန်းကို နိုင်ငံတကာအဆင့်ဆောင်ရွက်နိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုခိုင်မာပြီး နိုင်ငံတကာ အတွေ့အကြုံရင့်ကျက်သည့် ပြည်ပကုမ္ပဏီတစ်ခုနှင့် အကျိုးတူဖက်စပ်လုပ်ငန်းလုပ်ကိုင်ရန် အပြည်ပြည်ဆိုင်ရာတင်ဒါဖိတ်ခေါ်လွှာ(ITT)အား ကြေညာခဲ့ပြီး တင်ဒါပိတ်ရက်အား ၂၀-၁၁-၂၀၁၅ ရက်နေ့ နောက်ဆုံးသတ်မှတ်ခဲ့ပါသည်။ JV ကုမ္ပဏီအဖြစ် ထူထောင်ပြီးပါက ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ စက်ဆီချောဆီအမျိုးမျိုးနှင့် အခြားရေနံထွက်ပစ္စည်းအမျိုးမျိုး (Liquefied Petroleum Gas နှင့် Liquefied Natural Gas မပါ) ဖြန့်ဖြူးရောင်းချသွားမည်ဖြစ်ပါသည်

ဓနိတောပင်မ၊ သာကေတဌာနခွဲ၏သိုလှောင်သံကန်များ

၂။      မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း၏ လေယာဉ်ဆီဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းကို နိုင်ငံတကာအဆင့်ဆောင်ရွက်နိုင်ရေးအတွက် ပထမဦးစွာမင်္ဂလာဒုံလေယာဉ်ဆီဌာနခွဲနှင့် ဆက်လက်၍ ကျန်ပြည်တွင်းလေဆိပ်ရှိဌာနခွဲများ၏ လေယာဉ်ဆီဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းကို ရင်းနှီးမြှုပ်နှံမှုခိုင်မာပြီး နိုင်ငံတကာအတွေ့အကြုံရင့်ကျက်သည့် ပြည်ပကုမ္ပဏီတစ်ခုနှင့် အကျိုးတူ ဖက်စပ်လုပ်ငန်းလုပ်ကိုင်ရန် အပြည်ပြည်ဆိုင်ရာတင်ဒါခေါ်ယူခဲ့ရာ တင်ဒါအောင်မြင်ခဲ့သည့် Puma Energy Group Pte. Ltd. နှင့် အကျိုးတူပူးပေါင်းကာ National Energy Puma Aviation Services Co., Ltd. အမည်ဖြင့် ဖက်စပ်ကုမ္ပဏီကိုဖွဲ့စည်းခဲ့ပြီး ၁-၁၀-၂၁၀၅ ရက်နေ့မှစ၍ လုပ်ငန်းများ စတင် ဆောင်ရွက်နေပြီးဖြစ်ပါသည်။  (ထည့်သင့်/မသင့်ဆွေးနွေးရန်)

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လေယာဉ်ဆီဖြည့်တင်းနေပုံ

 

၉။      စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ပြည်ပမှ စက်ဆီချောဆီများတင်သွင်းမှုနှင့်ပတ်သက်၍ Brand Name အသစ်များကို ပြည်ပမှဝယ်ယူတင်သွင်းဖြန့်ဖြူးရောင်းချခွင့်ပြုမိန့်များ စိစစ်ထုတ်ပေးလျက် ရှိပါသည်။ ၁၅-၁၂-၂၀၁၅ ရက်နေ့အထိ ကုမ္ပဏီ(၂၆၀)ခု တို့မှ တင်သွင်းဖြန့်ဖြူးခွင့်လျှောက်ထား လာသည့်စက်ဆီချောဆီ Brand Name အသစ်(၂၉၂)ခုကို ခွင့်ပြုပေးထားပြီးဖြစ်ပါသည်။