The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :
    (၁၉-၁၁-၂၀၁၈) ရက်နေ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု အမြင့်ဆုံးမှာ (၃၅၃၂.၅) မဂ္ဂါဝပ်ဖြစ်ပြီး တစ်ရက်စုစုပေါင်းထုတ်လုပ်ခဲ့သည့် ယူနစ်မှာ (၆၄၈၅၆.၄) မဂ္ဂါဝပ်နာရီဖြစ်ပါသည်။         လျှပ်စစ်နှင့်စွမ်းအင်၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဦး၀င်းခိုင် ၂၃၀ ကေဗွီ ပင်မဓာတ်အားခွဲရုံ(ကန်ကြီးထောင့်)၊ အမှတ်(၅)ဓာတ်မြေသြဇာစက်ရုံ(ကန်ကြီးထောင့်)နှင့် အမှတ်(၂)ရေနံဓာတ်ငွေ့ရည် စက်ရုံ(ညောင်တုန်း)တို့အား သွားရောက်စစ်ဆေး         ၂၃၀ကေဗွီ လှိုင်သာယာ-ကျိုက်လတ် ဓာတ်အားလိုင်း (၅၂.၂၆) မိုင်နှင့် ၂၃၀/၆၆/၁၁ ကေဗွီ၊ (၁၀၀) အမ်ဗွီအေ ကျိုက်လတ်ဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ် း    

ဖြန့်ဖြူးရောင်းချရေးဌာန


ဖြန့်ဖြူးရောင်းချရေးဌာနလုပ်ငန်းတာဝန်များ

၁။      ရေနံထွက်ပစ္စည်းများကို လိုအပ်သောဒေသသို့ လိုအပ်သောအချိန်၊ လိုအပ်သည့်ပမာဏ ရောက်ရှိရေးအတွက် စီမံဆောင်ရွက်ခြင်း။

၂။      ရေနံထွက်ပစ္စည်းများလက်ခံခြင်း၊ သိုလှောင်ခြင်း၊ ထုတ်ပေးရောင်းချခြင်းတို့နှင့်ပတ်သက်၍ သိုလှောင်ဖြန့်ဖြူးရေးဌာနများသို့ ညွှန်ကြားခြင်း၊လိုအပ်သည့်စီမံချက်များချမှတ်၍ ကြီးကြပ် ကွတ်ကဲဆောင်ရွက်ခြင်း။

၃။      ရေနံထွက်ပစ္စည်းများလက်ခံ/ သိုလှောင်/ ဖြန့်ဖြူးမှု ကုန်ကျစရိတ်များ ထိန်းသိမ်းခြင်း၊ ကွပ်ကဲခြင်း။

၄။      စက်သုံးဆီအရောင်းဆိုင်များ လုပ်ငန်းဆောင်ရွက်မှု၊ တိုးတက်မှုရှိစေရန် တိုင်းရောင်းဝယ်ရေး အရာရှိများနှင့် လစဉ်ဆက်သွယ်ညှိနှိုင်းဆောင်ရွက်ခြင်း။

၅။      အရောင်းဈေးနှုန်းများ ပြင်ဆင်ရေးကိစ္စ၊ တစ်ပြည်လုံးအတိုင်းအတာအရ လိုအပ်သော ရေနံထွက် စ္စည်းများ တင်ဒါခေါ်ယူရေးကိစ္စဆောင်ရွက်ခြင်း။

၆။      တပြည်လုံးအရောင်းဆိုင်များအား တိုင်းရောင်းဝယ်ရေးအရာရှိများနှင့် ဆိုင်စစ်ဆေးရေးမှူး တို့မှတစ်ဆင့် ကြီးကြပ်ကွပ်ကဲစေ၍ ရေနံထွက်ကုန်ပစ္စည်းများ သိုလှောင်/သယ်ယူ/ဖလှယ်ရာတွင် လျော့နည်းဆုံးရှုံးမှုနည်းပါး စေရေးကြီးကြပ်ဆောင်ရွက်ခြင်း။

၇။      ဌာနခွဲများနှင့်အရောင်းဆိုင်များ၏ အသေးသုံးကိစ္စ၊ အသုံးစရိတ်ခွင့်ပြုငွေကိစ္စ၊ ခန့်မှန်းခြေ ဘတ်ဂျက်ငွေစာရင်း ရေးဆွဲတင်ပြစေခြင်းကိစ္စ၊ ရေနံကုန်ပစ္စည်းငွေတောင်းခံလွှာများ စိစစ်ပေးချေရေးကိစ္စတို့တွင် ညွှန်ကြားဆောင်ရွက်ခြင်း။

၈။      ဌာနခွဲ/ဌာနစိတ်/အရောင်းဆိုင်များအတွက် လစဉ်၊ အပတ်စဉ်၊ နှစ်စဉ် မြေခွန်၊ မြေဂရန်လိုင်စင် များပေးချေရေးကိစ္စ စိစစ်ကြပ်မတ်ဆောင်ရွက်ခြင်း။

၉။      စက်သုံးဆီအရောင်းဆိုင်ဖြန့်ဖြူးရောင်းချခွင့်လိုင်စင်၊ သိုလှောင်ကန်စခန်းဖြန့်ဖြူး ရောင်းချ ရေး လိုင်စင်နှင့် လေယာဉ်ဆီဖြန့်ဖြူးရောင်းချခွင့်လိုင်စင်၊ ရေယာဉ်များအားစက်သုံး ဆီတိုက်ရိုက် ဖြန့်ဖြူးရောင်းချခွင့်လိုင်စင်များအား သတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိ/ မရှိစိစစ်ခွင့်ပြုပေးခြင်း။

၁၀။    စက်ဆီ၊ ချောဆီ Brand Name အသစ်များတင်သွင်းလာပါက သတ်မှတ်ထားသည့် အရည်အသွေး များနှင့် ကိုက်ညီမှုရှိ/မရှိ စိစစ်ထောက်ခံပေးခြင်း။

ဖွဲ့စည်းပုံ>>>