The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

ပြည်သူ့လွှတ်တော်ကဏ္ဍ


လျှပ်စစ်ဓာတ်ကြိုးဖြတ်တောက်ပြီး မြေပြင်သို့ပြုတ်ကျမှုများကြောင့် သေဆုံးမှုများ ဖြစ်ပေါ်လျက်ရှိရာ ဓာတ်လိုက်မှုကို ကာကွယ်မှုပေးနိုင်သော SAC လျှပ်ကာ ဓာတ်ကြိုများ လွဲလှယ်မှုကို မည်ကဲ့သို့အစီအမံချပြီး‌ဆောင်ရွက်နေသည်ကို သိလိုခြင်းနှင်‌့စပ်လျဉ်းသည်‌့မေးခွန်း
ရန်ကုန်မြို့တွင် လွန်ခဲ့သည့် မိုးရာသီတွင် ၈ တန်းကျောင်းသား အပြစ်မဲ့ကျောင်းသားတစ်ဦး ဓာတ်လိုက် သေဆုံးခဲ့ပါကြောင်း၊ မသေသင်‌့သည့် ကလေးငယ်များ၊ ပြည်သူလူထုများ အသက်ဆုံးရှုံးခဲ့ပါ ကြောင်း၊ မိမိတို့နိုင်ငံ၏ လျှပ်စစ်လုပ်သားများ အကာအကွယ်မရှိဘဲ အသက်စွန့်စားပြီး လုပ်ရသည့်အတွက် အန္တရာယ်ကြီးစွာရင်ဆိုင်နေရပြီး ထိခိုက်သေကြေမှုများရှိခဲ့ပါကြောင်း၊


Read More...

: 06-Dec-2018
မင်းတုန်းမြို့နယ်အတွင်းရှိ ကျေးရွာများအား လျှပ်စစ်မီးရရှိနိုင်ရန် လျှပ်စစ်ဓာတ်အားလိုင်း လိုအပ်ချက် များအတွက် 66/11 KV ၊ 5MVA ဓာတ်အားခွဲရုံ(၂)ရုံအား ထပ်မံတိုးချဲ့ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
မင်းတုန်းမြို့သည် ပုသိမ်-မုံရွာလမ်းမကြီးနှင့် ၃ မိုင် ၄ ဖာလုံ ကွာဝေးပြီး ရပ်ကွက် လေးခု၊ ကျေးရွာ အုပ်စု ၇၂ အုပ်စုတို့နှင့် ကျေးရွာပေါင်း ၁၇၆ ရွာရှိသော မြို့တစ်မြို့ဖြစ်ပြီး လျှပ်စစ်မီးရရှိရေး လိုအပ် နေသည့် မြို့ဖြစ်ပါကြောင်း၊


Read More...

: 06-Dec-2018
တမူးမြို့နယ်သို့ မဟာဓာတ်အားလိုင်းသွယ်တန်းပြီး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးရန် သက်ဆိုင်ရာ ဝန်ကြီးဌာနက မည်သို့စီမံဆောင်ရွက်ပေးမည်ကိုသိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ တမူးမြို့နယ်တွင် လူဦးရေ ၁၂၇၀၀၀ ဝန်းကျင်ရှိပြီး မြန်မာနိုင်ငံ၏ အနောက်မြောက် အိန္ဒိယ-မြန်မာနယ်စပ်ဒေသတွင် တည်ရှိပါကြောင်း၊ ၈.၄.၂၀၁၆ ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊ မဏိပူရလျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးကုမ္ပဏီမှ တစ်ယူနစ်လျှင် နှစ်ရာကျပ်နှုန်းဖြင်‌့ လျှပ်စစ် ဓာတ်အားဝယ်ယူအသုံးပြုနေပါကြောင်း၊


Read More...

: 06-Dec-2018
မင်းဘူး(စကု)မြို့နယ်၊ မန်းရေနံမြေမှ ကုန်တင်ကုန်ချအလုပ်သမားများ လုပ်အားခပြည့်ဝစွာ ပေးနိုင်ရေး မည်ကဲ့သို့ စီစဉ်ဆောင်ရွက်မည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
မကွေးတိုင်းဒေသကြီး၊ မင်းဘူး (စကု) မြို့နယ်တွင် မန်းရေနံမြေနှင့် ထောက်ရှာပင်ရေနံမြေဟူ၍ ရှိပါကြောင်း၊ ရေနံမြေမှကုန်တင်ကုန်ချ အလုပ်သမားများသည် လုပ်အားခ ပြည့်ဝစွာမရရှိသဖြင့် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်ဟု မိမိတို့အား အကြောင်းကြားသဖြင့် ၁၃-၇-၂၀၁၈ ရက်နေ့တွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့်အတူ အလုပ်သမားများနှင့် သွားရောက်တွေ့ဆုံပြီး မည်သို့သော အခက်အခဲများရှိသည်ကို စုံစမ်းမေးမြန်းခဲ့ပါကြောင်း၊


Read More...

: 06-Dec-2018
မာန်အောင်မြို့နယ်မြို့ပေါ် (၅) ရပ်ကွက်နှင့် လျှပ်စစ်ဓာတ်အားလိုင်း သွယ်တန်းထားပြီးသော ကျေးရွာ အုပ်စု (၁၂) အုပ်စုရှိ ကျေးရွာ (၅၇) ရွာအား လျှပ်စစ်မီးရရှိရေးအတွက် မည်ကဲ့သို့စီစဉ်ဆောင်ရွက် နေသည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ အဆင်းရဲဆုံးပြည်နယ်ထဲမှ မိမိတို့မာန်အောင်မြို့နယ်သည် ဝေးလံ ခေါင်သီ ဒေသရှားပါးစရိတ် ခံစားခွင့်ပြုထားသည့် မြို့နယ်တစ်ခုဖြစ်သဖြင့် ပိုမိုဆင်းရဲပါကြောင်း၊ မြို့ပေါ်ရပ်ကွက်ငါးခုနှင့် ကျေးရွာအုပ်စု ၃၆ အုပ်စုရှိပြီး ကျေးရွာပေါင်း ၁၃၇ ရွာရှိသည့် မြို့နယ်တစ်ခုဖြစ်သည့်အပြင် လူဦးရေအားဖြင့် ၆၅၀၀ ကျော် နေထိုင်လျက်ရှိသည့် မြို့နယ်တစ်ခုလည်း ဖြစ်ပါကြောင်း၊


Read More...

: 06-Dec-2018