The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

အရေးယူဆောင်ရွက်မှုအခြေအနေများ တင်ပြခြင်း

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် စက်သုံးဆီအရောင်းဆိုင် များ၏ စက်သုံးဆီအရည်အသွေးနှင့် အခြင်အတွယ် ကိုက်ညီမှုမရှိခြင်း၊ Bowser ယာဉ်များ မတော်တဆဖြစ်ပွားခြင်းများအပေါ် အရေးယူဆောင်ရွက်မှု အခြေအနေများအား သိရှိနိုင်ပါရန် တင်ပြအပ်ပါသည်-

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများထိန်းသိမ်းကြီးကြပ်ရေးကော်မတီ

စက်သုံးဆီအရည်အသွေးနှင့် အခြင်အတွယ်မကိုက်ညီမှုအား အရေးယူဆောင်ရွက်မှုအခြေအနေ

(၂၀၂၀ ပြည့်နှစ်၊ မေလ ၁ ရက်နေ့မှ  ၂၆ ရက်နေ့အထိ)

စဉ်

တိုင်းဒေသကြီး/

ပြည်နယ်

မြို့နယ်/ခရိုင်

ပိုင်ရှင်/ဆိုင်/လုပ်ငန်း

အမည်

စစ်ဆေးသည့်

ရက်စွဲ

စစ်ဆေးတွေ့ရှိချက်

အရေးယူဆောင်ရွက်မှု

မှတ် ချက်

၁။

မကွေးတိုင်း ဒေသကြီး

ဆိပ်ဖြူမြို့နယ်

 

ဦးဟိန်းမင်းသန့်

          (ဟိန်း)

၈-၃-၂၀၂၀

95 RON ၏Research Octane No., (RON) ပမာဏ 94.6 မှာ 95 Ron  Motor  Gasoline စံ သတ်မှတ်ချက် 95.0(Minimum)ထက် နည်းနေခြင်း ကြောင့် 95 Ron Motor  Gasoline Specification နှင့် ကိုက်ညီမှုမရှိပါ။

ရေနံနှင့် ရေနံထွက်ပစ္စည်း ဆိုင်ရာ ဉပဒေပုဒ်မ ၃၁ (င) အား ဖောက်ဖျက်ကျူးလွန် ခြင်းကြောင့်ယင်းဉပဒေပုဒ်မ ၃၉(ခ) ဖြင့် အမှု့ဖွင့်တရား စွဲဆိုရန် ဆောင်ရွက်လျက် ရှိ ပါသည်။

 

၂။

မကွေးတိုင်း ဒေသကြီး

ဆင်ပေါင်ဝဲမြို့နယ်

ဦးအေးနိုင်

(စိုးရတနာ)

၇-၃-၂၀၂၀

95 RON ၏Research Octane No., (RON) ပမာဏ 84.0 မှာ 95Ron  Motor   Gasoline စံသတ်မှတ်ချက် 95.0 (Minimum) ထက် နည်းနေ ခြင်းကြောင့် 95 Ron Motor  Gasoline Specification နှင့် ကိုက်ညီမှုမရှိပါ။

ရေနံနှင့် ရေနံထွက်ပစ္စည်း ဆိုင်ရာ ဉပဒေပုဒ်မ ၃၁(င) အား ဖောက်ဖျက်ကျူးလွန် ခြင်းကြောင့်ယင်းဉပဒေပုဒ်မ၃၉(ခ) ဖြင့် အမှု့ဖွင့်တရား စွဲဆိုရန် ဆောင်ရွက်လျက် ရှိ ပါသည်။

 

၃။

မကွေးတိုင်း ဒေသကြီး

ချောက်မြို့နယ်

ဦးငြိမ်းချမ်းဇော်

 (ကောင်းမြတ်သူ)

၈-၃-၂၀၂၀

ရိုးရိုးဒီဇယ်ဆီ၏ Sulphur Content ပမာဏ 0.0532 %wt မှာ စံသတ် မှတ်ချက်(0.05%wt) (maximum) ထက် များနေခြင်းကြောင့် လည်း ကောင်း၊  Flash Point ပမာဏ  38.C မှာ စံသတ်မှတ်ချက် 60.C (minimum) ထက် နိမ့်နေခြင်း ကြောင့်လည်းကောင်း ရိုးရိုး ဒီဇယ် ဆီ (HSD 500 ppm S, 0.05% S)   Specification နှင့်ကိုက်ညီမှုမရှိပါ။

ရေနံနှင့် ရေနံထွက်ပစ္စည်း ဆိုင်ရာ ဉပဒေပုဒ်မ ၃၁(င) အား ဖောက်ဖျက်ကျူးလွန် ခြင်းကြောင့်ယင်းဉပဒေပုဒ်မ ၃၉ (ခ) ဖြင့် အမှုဖွင့်တရား စွဲဆိုရန် ဆောင်ရွက်လျက် ရှိ ပါသည်။

 

 

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများထိန်းသိမ်းကြီးကြပ်ရေးကော်မတီ

Bowser ယာဉ် မတော်တဆဖြစ်ပွားမှုကြောင့် အရေးယူဆောင်ရွက်မှုအခြေအနေ

 (၂၀၂၀ ပြည့်နှစ်၊ မေလ ၁ ရက်နေ့မှ ၂၆  ရက်နေ့အထိ)

စဉ်

တိုင်းဒေသကြီး/ပြည်နယ်

ပိုင်ရှင်အမည်

ဖြစ်စဉ်ဖြစ်ပွားသည့်

နေရာ

ဖြစ်စဉ်အကျဉ်းချုပ်

အရေးယူဆောင်ရွက်မှု

မှတ်ချက်

၁။

ရန်ကုန်တိုင်းဒေသကြီး

Denko Co.,Ltd.

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ အမှတ် (၁၇) ရပ်ကွက်၊ ကျန်စစ်သား လမ်း မီးပွိုင့်

ဦးကျော်စိုးမြင့် မောင်းနှင်သည့် ဆီတင်ယာဉ်တွဲအမှတ်၊ 4Q/5628 နှင့် ဦးမြင့်နိုင် မောင်းနှင်သည့် ဆီတင်ယာဉ်အမှတ်၊ 7L/4470 (၂) စီးတို့ ယာဉ်တိုက်မှုဖြစ်ပွားခြင်း။

ယာဉ်မောင်း ဦးကျော်စိုးမြင့် အား ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်ရဲစခန်းမှ ၁၈-၅-၂၀၂၀ ရက်နေ့တွင် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ၃၃၇/၂၇၉ ဖြင့် အမှုဖွင့် တရားစွဲဆိုလျက်ရှိ ပါသည်။

 

၂။

ပဲခူးတိုင်းဒေသကြီး

Ok Energy Co., Ltd.

 

ရန်ကုန်-မန္တလေး လမ်း ဟောင်း၊ မိုင်တိုင်အမှတ် (၁၁၃) မိုင်၊ (၁) ဖာလုံနှင့် (၂) ဖာလုံကြား

ဦးအောင်စိုးဝင်း မောင်းနှင်သည့် ဆီတင်ယာဉ်အမှတ် MDY/9K-8437 FUSO သည် ၁၈ ဘီးကုန်တင်ယာဉ် အား ကျော်တက်စဉ် အရှိန်မထိန်း နိုင်ဘဲဝင်တိုက်မိပြီးမီးလောင်ကျွမ်းမှု ဖြစ်ပွားခြင်း။

ယာဉ်မောင်း ဦးအောင်စိုးဝင်း အား တောကျွဲအင်းနယ်မြေ ရဲစခန်းမှ ၂၁-၅-၂၀၂၀ရက်နေ့ တွင် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၃၈/၃၀၄-က အရ အမှုဖွင့်  တရား စွဲဆိုလျက်ရှိ ပါ သည်။

 

Post under by : မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း(MPPE)
28-May-2020