The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန၊ တင်ဒါပိတ်ရက် တိုးမြှင့်သတ်မှတ်ခြင်း

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနမှ နေပြည်တော်ကောင်စီနယ်မြေအတွင်း ဆောင်ရွက်မည့် မြို့ပြဆိုင်ရာတည်ဆောက်ရေး လုပ်ငန်းများအား (မြန်မာကျပ်ငွေ) ဖြင့် တင်ဒါခေါ်ဆိုခြင်းနှင့်ပတ်သက်၍ လက်ရှိဖြစ်ပေါ်နေ သော COVID-19 ရောဂါ ဖြစ်ပွားမှုအခြေအနေများအရ တင်ဒါပိတ်ရက် (၃၀.၇.၂၀၂၁) ရက် နေ့သည် တရားဝင်ရုံးပိတ်ရက်အဖြစ် သတ်မှတ်အကျုံးဝင်နေပါသဖြင့် အဆိုပါတင်ဒါ များအား (၁၃.၈.၂၀၂၁) ရက်နေ့အထိ တိုးမြှင့်သတ်မှတ်ပါကြောင်း အောက်ဖော်ပြပါ Link ဖြင့် ကြေညာခဲ့ပြီးဖြစ်ပါသည်-

https://www.moee.gov.mm/mm/ignite/contentView/4255

သို့ရာတွင် လက်ရှိဖြစ်ပေါ်နေသော COVID-19 ရောဂါ ဖြစ်ပွားမှုအခြေအနေများအရ တင်ဒါ ပိတ်ရက် (၁၃.၈.၂၀၂၁) ရက်နေ့သည် တရားဝင်ရုံးပိတ်ရက်အဖြစ် သတ်မှတ်အကျုံးဝင် နေပါသဖြင့် အဆိုပါတင်ဒါများအား (၂၀.၈.၂၀၂၁) ရက်နေ့အထိ တိုးမြှင့်သတ်မှတ်ပါ ကြောင်း အသိပေးကြေညာအပ်ပါသည်။

Post under by : လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန(DPTSC)
10-Aug-2021