The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ ဓာတ်မြေဩဇာစက်ရုံများနှင့် ရေနံချက်စက်ရုံများကို ပြုပြင်မွမ်းမံခြင်း၊ ကာလရှည်ငှားရမ်းခြင်းနှင့် စက်ရုံအသစ်တည်ဆောက် ခြင်းလုပ်ငန်းများကို တင်ဒါခေါ်ယူဆောင်ရွက်ရန်အတွက် လိုအပ်သည့် နည်းပညာပိုင်း၊ ငွေကြေးပိုင်း၊ ဥပဒေပိုင်းဆိုင်ရာ အတွေ့အကြုံနှင့်အရည်အချင်း ပြည့်စုံသော နိုင်ငံတကာအဆင့် အကြံပေးပုဂ္ဂိုလ်/ အဖွဲ့ ငှားရမ်းဆောင်ရွက်နိုင်ရေးနှင့်စပ်လျဉ်း၍ စိတ်ဝင်စားမှု အဆိုပြုလွှာ(Expression of Interest-EOI) တင်ပြရန် စိတ်ဝင်စားသည့် အကြံပေးပုဂ္ဂိုလ်/အဖွဲ့များမှ မေးမြန်းလိုသည့်အချက်များအား ရှင်းလင်းပြောကြားမည့်အစီအစဉ်

၁။   လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ ဓာတ်မြေဩဇာစက်ရုံများနှင့် ရေနံချက်စက်ရုံများကို ပြုပြင်မွမ်းမံခြင်း၊ ကာလရှည်ငှားရမ်းခြင်းနှင့် စက်ရုံအသစ်တည်ဆောက် ခြင်းလုပ်ငန်းများကို တင်ဒါခေါ်ယူဆောင်ရွက်ရန်အတွက် လိုအပ်သည့် နည်းပညာပိုင်း၊ ငွေကြေး ပိုင်း၊ ဥပဒေပိုင်းဆိုင်ရာ အတွေ့အကြုံနှင့်အရည်အချင်း ပြည့်စုံသော နိုင်ငံတကာအဆင့် အကြံပေး ပုဂ္ဂိုလ်/ အဖွဲ့ ငှားရမ်းဆောင်ရွက်နိုင်ရေးနှင့်စပ်လျဉ်း၍ စိတ်ဝင်စားမှုအဆိုပြုလွှာ (Expression of Interest-EOI) တင်ပြရန် စိတ်ဝင်စားသည့် အကြံပေးပုဂ္ဂိုလ်/ အဖွဲ့ များမှ မေးမြန်းလိုသည့်အချက်များအား Video Conferencing ဖြင့်အောက်ဖော်ပြပါ အစီအစဉ်အတိုင်း ရှင်းလင်းပြောကြားမည်ဖြစ်ပါသည်-

          ရှင်းလင်းပြောကြားမည့် နေ့ရက်  :   ၁၈-၁-၂၀၂၂ ရက် (အင်္ဂါနေ့)

          ရှင်းလင်းပြောကြားမည့် အချိန်    :    ၁၃ : ၀၀ နာရီ

           ရှင်းလင်းပြောကြားမည့် နေရာ        : အစည်းအဝေးခန်းမ(၁)၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန     ရုံးအမှတ်( ၆ )၊ နေပြည်တော်       

၂။   သို့ဖြစ်ပါ၍ တက်ရောက်လိုသည့် စိတ်ဝင်စားသော အကြံပေးပုဂ္ဂိုလ်/ အဖွဲ့ များ အနေဖြင့် Email: oilandgasplanningdepartment@gmail.com သို့ ကြိုတင် သတင်းပေး ကြပါရန် အသိပေးကြေညာအပ်ပါသည်။

         

Post under by : ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံရေးဦးစီးဌာန(OGPD)
14-Jan-2022