The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

မကွေးတိုင်းဒေသကြီး


ကျွန်းချောင်း ၂၀ မဂ္ဂါဝပ် Gas Engine သုံးဓာတ်အားပေးစက်ရုံစီမံကိန်း

တည်နေရာ                               - မကွေးတိုင်းဒေသကြီး၊ ကျွန်းချောင်းဓာတ်အားပေးစက်ရုံဝန်းအတွင်း

ဆောင်ရွက်မည့်အဖွဲ့အစည်း          - Consortium of V Power Group Holding Ltd and V Power Holdings Ltd

စီမံကိန်းဆောင်ရွက်မှုပုံစံ              - Rental         

ထုတ်လုပ်ဓာတ်အား                    - ၂၀မဂ္ဂါဝပ်ခန့်

လက်ရှိအခြေအနေ                     - ကျွန်းချောင်း ၂၀ မဂ္ဂါဝပ်ဓာတ်အားပေးစက်ရုံစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် တင်ဒါများကို (၂၈.၆.၂၀၁၉) ရက်နေ့တွင် ခေါ်ယူခဲ့ပြီး(၂၉.၇.၂၀၁၉) ရက်နေ့တွင် လက်ခံခဲ့ပါသည်။ ယခုအခါ တင်ဒါအောင်မြင်သော Consortium of V Power Group Holding Ltd and V Power Holdings Ltdနှင့် ဓာတ်အားအရောင်းအဝယ် (PPA) စာချုပ် ချုပ်ဆိုနိုင်ရေး ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းအဝေးသို့ တင်ပြခဲ့ရာ ခွင့်ပြုချက် ရရှိခဲ့ပြီးဖြစ်ပါသည်။ ဆက်လက်၍ PPA စာချုပ်အား လက်မှတ်ရေး ထိုးနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

 

 

မကွေးတိုင်းဒေသကြီးအတွင်းဆောင်ရွက်ဆဲ

မင်းဘူးနေရောင်ခြည်စွမ်းအင်သုံးစီမံကိန်း (170 MW AC) ၏ဆောင်ရွက်ပြီးစီးမှု

အခြေအနေ

  • (၂၃၀) ကေဗွီ မန်း- အမ်း ဓာတ်အားလိုင်းသို့ ချိတ်ဆက်ပို့လွှတ်မည့် မင်းဘူးစက်ရုံမှ (၂၃၀) ကေဗွီ ဓာတ်အားလိုင်း (၁.၃) မိုင် တည်ဆောက်ခြင်း လုပ်ငန်းပြီးစီး၍ (၁၂.၁၂. ၂၀၁၇) ရက်နေ့တွင် ဌာနသို့ လွှဲပြောင်းခဲ့ပြီး ဖြစ်ပါသည်။
  • ပထမအဆင့် (၄၀) မဂ္ဂါဝပ် စီမံကိန်းအတွက် မြေနေရာရှင်းလင်းခြင်း လုပ်ငန်း ဆောင်ရွက်ပြီးဖြစ်ပါသည်။
  • Construction Power ရယူရန်အတွက် 11 kV ဓာတ်အားလိုင်း (၁၅.၅) မိုင်နှင့် (၄၀၀) ဗို့လိုင်း (၃) မိုင် တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်ပြီးဖြစ်ပါသည်။
  • Tube Well (၄) ခု တူးဖော်ခြင်း လုပ်ငန်းဆောင်ရွက်ပြီး ဖြစ်ပါသည်။
  • Water Ground Tank နှင့် Pump House များ တည်ဆောက်ခြင်း လုပ်ငန်း ဆောင်ရွက်ပြီး ဖြစ်ပါသည်။
  • Substation Switchyard တည်ဆောက်ရန်အတွက် မြေသားလုပ်ငန်း ဆောင်ရွက်ပြီး ဖြစ်ပါသည်။
  • MIC Permit (၁၂.၄.၂၀၁၇) ရက်နေ့တွင် ရရှိပြီးဖြစ်ပါသည်။
  • စီမံကိန်းမြေဧက (၇၀၀) အတွက် (၈.၅.၂၀၁၇) ရက်နေ့တွင် မြေငှားရမ်းစာချုပ် (Land Lease Agreement) ချုပ်ဆိုပြီး ဖြစ်ပါသည်။
  • စီမံကိန်းပထမအဆင့် (၄၀) မဂ္ဂါဝပ် တည်ဆောက်ရန်အတွက် အသုံးပြုမည့် Solar Panels (၁၀၀%) အား စီမံကိန်းတွင် နေရာချထားပြီး ဖြစ်ပါသည်။
  • ESIA အဆုံးသတ် အစီရင်ခံစာအား သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဌာနသို့ (၃.၃.၂၀၁၇) ရက်တွင် ထပ်မံတင်ပြခဲ့ပြီး ဖြစ်ပါသည်။
  • စီမံကိန်းမြေ (၁၃၆) ဧက အတွက် သစ်တောဦးစီးဌာနနှင့် စာချုပ်ချုပ်နိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိပါသည်။