The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

နောက်ဆုံးရသတင်း


ပြည်သူသို့ အသိပေးပန်ကြားလွှာ
၁။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ အများပြည်သူနှင့် စက်မှုလက်မှုလုပ်ငန်းများ ဓာတ်အား သုံးစွဲမှုများအတွက် လစဉ်ဓာတ်အားခများကို သက်ဆိုင်ရာ မြို့နယ်ရုံးများတွင် ကောက်ခံ ဆောင်ရွက် လျက်ရှိပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 02-Jun-2020
ပြည်သူသို့ အသိပေးတင်ပြချက်
၁။ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီမှ (COVID – 19) ရောဂါပိုးကူးစက်ပျံနှံ့မှုကို ဆက်လက်ထိန်းချုပ် ဆောင်ရွက်ရန်လိုအပ်ပါသဖြင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ Coronavirus Disease 2019 (COVID – 19) ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးအတွက် (၁၅.၅. ၂၀၂၀) ရက်နေ့အထိ ထုတ်ပြန်ထားသော အမိန့်၊ အမိန့်ကြော်ငြာစာ၊ ပြည်သူသို့ ပန်ကြားချက်၊ ညွှန်ကြားချက်များ (ဖြေလျော့ပေးရန် လမ်းညွှန်ထားသော ကိစ္စရပ်များမပါ) အား (၃၁.၅.၂၀၂၀) ရက်နေ့အထိ ရက်တိုးမြှင့်သတ်မှတ်ဆောင်ရွက်သွားရန် ၂၀၂၀ ပြည့်နှစ်၊ မေလ (၁၃) ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 25-May-2020
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန(စွမ်းအင်ကဏ္ဍ)၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ဒုတိယသုံးလပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန(စွမ်းအင်ကဏ္ဍ)၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ဒုတိယ သုံးလပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 25-May-2020
ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ အလုံဓာတ်အားပေးစက်ရုံစီမံကိန်းနှင့် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ကျွန်းချောင်းဓာတ်အားပေးစက်ရုံစီမံကိန်းတို့မှ နိုင်ငံတော်ဓာတ်အားစနစ်သို့ လျှပ်စစ်ဓာတ်အားများ စတင်ပို့လွှတ်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အစိုးရ၏ မူဝါဒဖြစ်သော ပြည်သူလူထု၏ လူနေမှုအဆင့်အတန်း မြင့်မားစေရေးအတွက် အဓိကအချက်များအနက် ကဏ္ဍတစ်ခုဖြစ်သည့် လျှပ်စစ်မီးရရှိရေးကို ဒေသအသီးသီးသို့ ဖြန့်ကျက်ဆောင်ရွက်ပေးလျက် ရှိပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့်လည်း ယခုနှစ်တွင် လျှပ်စစ်ကဏ္ဍကို တိုးတက်အောင် ဆောင်ရွက်နိုင်ရန် အများဆုံး ပံ့ပိုးဆောင်ရွက်ပေးမှုနှင့်အတူ နှစ်စဉ်တိုးတက်သုံးစွဲနေသော လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်နှင့် ယခုနှစ် နွေရာသီတွင် တိုးတက် သုံးစွဲလာသော ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက်


Read More...

Posted under : ဝန်ကြီးရုံး
: 21-May-2020
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် လျှပ်စစ်ကဏ္ဍနှင့်ပတ်သက်သည့် ဒုတိယသုံးလပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် လျှပ်စစ်ကဏ္ဍ နှင့် ပတ်သက်သည့် ဒုတိယ သုံးလပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ မေလ ၁၇ ရက် နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း၊ အမြဲတမ်းတွင်းဝန်၊ ဌာနအကြီးအကဲများနှင့်အတူ ရပ်ဝေးတွင်ရှိသည့် ရန်ကုန်နှင့် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းတို့မှ ဥက္ကဋ္ဌများ၊ အမှုဆောင်အရာရှိချုပ်များ၊ စီမံကိန်းညွှန်ကြားရေးမှူးများ၊ တည်ဆောက်ရေးညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာများ၊ ဓာတ်အားပေးစက်ရုံမှူးများနှင့် ဓာတ်အားခွဲရုံမှူးများသည် သက်ဆိုင်ရာ ဒေသမှနေ၍ Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 17-May-2020